-13-

1K 93 13
                                    

Unicode

" အယ်! ကျန့်ကျန့် ခါးပတ်ပတ်ဦးလေ "

" အော်ဟုတ်သားပဲ ရှောင်းကျန့်ကကားစီးရင် ခါးပတ်ပတ်ဖို့အမြဲမေ့နေတာ "

" ကလေးကျနေရော "

" ဟီး "

ဟွေ့လုက ချစ်စရာလေးဖြစ်နေတဲ့ရှောင်းကျန့်ကို အသည်းယားသလိုကြည့်တယ်။

" ဒါနဲ့ ကျဲတို့သူငယ်ချင်းဖြစ်တဲ့အထိမ်းမှတ်နဲ့မုန့်သွားစားမလား "

" အဲ့တာက... မမကိုလှမ်းပြောလိုက်ဦးမယ် ရှောင်းကျန့်ကသူစိမ်းနဲ့...ဟို တခြားလူနဲ့အပြင်ထွက်ဖူးတော့မမကစိတ်ပူနေမှာဆိုးလို့ပါ "

" ကျန့်ကျန့်က ကလေးမှမဟုတ်တော့တာ အင်းပါ ဖုန်းဆက်ပြီးပြောချင်ပြောလေ ကျန့်ကျန့်သဘော ကျဲကရတယ် "

ရှောင်းကျန့်က ဟွေ့ကျဲကိုအား‌နာပေမယ့် သူလည်းမမစိတ်ပူမှာဆိုးတာကြောင့် ဖုန်းဆက်တာ ဆက်မရပေ။ဝမ်အစ်ကိုကျတော့ စက်ရုံသွားနေတယ်ဆိုတော့ အလုပ်ခွင်မှာစိတ်အနှောက်အယှက်မပေးချင်၊ရိပေါ်ကျတော့ ကျောင်းသွားတယ် စာသင်ချိန်ကြီးဖြစ်နေမှာဆိုးလို့ ဖုန်းမခေါ်ရဲ။

" ဖုန်းမကိုင်ဘူးလား ကျန့်ကျန့် "

" ဟုတ် ဖုန်းဆက်ပိတ်ထားတာကျဲ အစည်းအဝေးခန်းထဲရောက်နေလို့ထင်တယ် "

" ကဲပါ အလုပ်လုပ်နေတဲ့သူတွေကိုခေါ်မနေနဲ့တော့ ကျဲကအိမ်အထိပြန်လိုက်ပို့ပေးမှာပါ အခုတော့တစ်ခုခုသွားကြမယ် ဟုတ်ပြီလား "

ရှောင်းကျန့်က အပြုံးသေးသေးလေးနဲ့တုံ့
ပြန့်တော့ဟွေ့လုက မျက်နှာသိပ်မကောင်း။

" ကျန့်ကျန့်က ကျဲနဲ့သူငယ်ချင်းမလုပ်ချင်ဘူးလားဟင် "

" အာ....မဟုတ်ဘူး မဟုတ်ဘူး ကျဲအဲ့လိုမတွေးပါနဲ့ ရှောင်းကျန့်ကကျဲနဲ့သူငယ်ချင်းဖြစ်ချင်ပါတယ် ကျဲအခန်းထဲဝင်လာတုန်းကဆို ရှောင်းကျန့်ကကျဲကိုပဲလိုက်ကြည့်နေတာ ကျဲကလှလည်းလှပြီး ဖော်ရွေလို့... အ.. အခုကမမကိုဖုန်းဆက်မရတော့ စိတ်ပူနေမှာကြောက်နေတာ "

" ဟုတ်ပါပြီ ဒါပေမယ့်ကျန့်ကျန့်က မူကြိုကလေးမှမဟုတ်တော့‌တာ ဒီလောက်တော့သူတို့နားလည်မှာပါ ဟိုးမှာကြည့် "

ကျွန်တော့်ရဲ့ဆန်ခေါက်ဆွဲလေးWhere stories live. Discover now