UNICODE
ဝမ်အိမ်မှာပြသာနာတွေတက်နေတယ်။ပြသာနာရှာတဲ့လူဝမ်ရိပေါ်ဖြစ်ပြီး ပြသာအရှာခံရတဲ့လူကရှောင်းကျန့်ရဲ့ဆရာဖြစ်နေတယ်။အကြောင်းကရှောင်းကျန့်ရဲ့လက်ကိုကိုင်မိလို့။အိမ်ထောင်ရှိပြီးအလုပ်ကိစ္စတွေရှုပ်နေတဲ့ရှောင်းလီက သူ့မောင်ကိုဝမ်ရိပေါ်လက်ထဲအပ်ထားတယ်။ရှောင်းကျန့်က ဘာကိုပဲလုပ်ချင်လုပ်ချင်ဝမ်ရိပေါ်ကိုပြောရတယ်။ရှောင်းကျန့်စာသင်ဖို့အတွက်လည်း ဝမ်ရိပေါ်ကနေရာတစ်ခုလုပ်ပေးထားတယ်။ဝမ်ရိပေါ်က ရှောင်းကျန့်ကို စိတ်မချဘူးဆိုတဲ့အကြောင်းပြချက်နဲ့စာသင်နေချိန်ခဏခဏလာကြည့်တက်ပါတယ်။
ရှောင်းကျန့်ကစာရေးနေရင်းခုံစွန်းမှာရှိနေတဲ့ခဲဖျက်ကပြုတ်ကျသွားတာကြောင့် လှမ်းကောက်တယ်။ဖိန်းလောင်ရှီးက ပြုတ်ကျသွားတဲ့ခဲဖျက်ဟာသူနဲ့ပိုနီးတာကြောင့် ကူကောက်ပေးတယ်။ခဲဖျက်ကသေးတော့ လက်နှစ်ခုရဲ့အောက်မှာမြုပ်သွားတယ်။ဝမ်ရိပေါ်မြင်လိုက်ရတာက လက်နှစ်ခုဟာထပ်လျက်သားဖြစ်နေတော့ ဖိန်းလောင်ရှီးကိုမပြောမဆိုနဲ့တွန်းပစ်တော့တာပဲ။အတွန်းခံလိုက်ရတဲ့လောင်ရှီးကဖင်ထိုင်လဲကျသွားပြီး သူ့မျက်လုံးဟာပြူးထွက်လာတယ်။ရှောင်းကျန့်ကလည်း ရုတ်တရက်ဖြစ်သွားတဲ့ကိစ္စကြောင့် ဦးနှောက်ကိုချက်ချင်းအလုပ်မလုပ်နိုင်ဘဲ လဲကျသွားတဲ့လောင်ရှီးကိုပြူးပြူးကြီးကြည့်နေမိတယ်။
" ဆရာကဆရာစိတ်မရှိဘဲ ဘာလို့စာသင်နေသေးတာလဲ! "
" ထွက်!...အခုချက်ချင်းဒီအိမ်ထဲကထွက်သွား! "
" ခင်ဗျားကိုတရားမစွဲခင်မြန်မြန်လေးထွက်သွားတာကောင်းမယ်! "
" ဝမ်ရိပေါ် ...ရိပေါ်တော်တော့ "
ဝမ်ရိပေါ်ကဒေါသတကြီးစကားတွေအော်ပြောရင်းလောင်ရှီးကိုနှစ်ချက်လောက်ထိုးပစ်တယ်။ရှောင်းကျန့်ကဝမ်ရိပေါ်ကိုခါးကနေဆွဲထားပြီး တော်တော့လို့ပြောမှရပ်သွားတယ်။လောင်ရှီးကတော့ ဝမ်ရိပေါ်ရဲ့ထိုးချက်ကြောင့်ချွတ်ကျသွားတဲ့မျက်မှန်ကိုကုန်းကောက်ရင်းဘာမှပြန်မပြောလာသေးဘူး။တိတ်ဆိတ်နေတဲ့နေရာကိုမုန်တိုင်းဝင်သလိုဝင်လာတဲ့ဝမ်ရိပေါ်ကြောင့် ရုတ်တရပ်ဘာပြောရမှန်းမသိခင်မှာပဲသံမဏိလိုမာကြောတဲ့လက်သီးကြီးနဲ့နှစ်ချက်ထိုးခံရပြီးပြီ။အဲ့ဒီထိလည်း လောင်ရှီးကဘာမှပြန်မပြောနိုင်သေးဘူး။ဖိန်းလောင်ရှီးရဲ့ဦးနှောက်ဆဲလ်တွေကအခုဘာဖြစ်သွားလဲဆိုတာကို မလှုပ်ဆော်သေးဘူးထင်ပါရဲ့။ဆူဆူညံညံအသံတွေကြောင့် ဝမ်အိမ်ကလူတွေအကုန်နီးပါးရောက်လာကြတယ်။ပစ်စလက်ခက်လဲကျနေတဲ့လောင်ရှီးကိုဝိုင်းထူပေးပြီး ဘာဖြစ်ကြတာလဲဆိုတာကိုမေးနေကြတယ်။ဘာဖြစ်မှန်းမသိတဲ့ရှောင်းကျန့်နဲ့လောင်ရှီးကအသံတိတ်နေပေမယ့် ဝမ်ရိပေါ်ကတော့ထပ်ပြီးအော်လာခဲ့တယ်။
YOU ARE READING
ကျွန်တော့်ရဲ့ဆန်ခေါက်ဆွဲလေး