-3-

1.9K 185 4
                                    


UNICODE

" အားကျန့် မမပြောပြမယ်သေချာနားထောင်နော် "

အငိုသန်လေးကို ရှောင်းလီကချောမော့ပြောရတယ်။ငယ်ငယ်လေးကတည်းက တခြားကလေးတွေလို့ပျော်ပျော်ပါးပါးမဆော့ခဲ့ရဘဲ မေမေ့ရဲ့အလုပ်တွေဝိုင်းကူးလုပ်ပေးပြီးနေလာရတဲ့ကလေးမလို့ ရှောင်းလီကမေတ္တာပိုပါတယ်။သူမကို အရမ်းကပ်တဲ့ကလေးက သူမနဲ့အပြီးခွဲနေရတော့မှာကို မလိုလားတာဟာ သဘာဝကျပါတယ်။အဲ့ဒါကြောင့် ရှောင်းလီက မေမေနဲ့အားကျန့်အတွက် တစ်ခုစဉ်းစားထားတယ်။

ရှောင်းလီက ခေါင်းလေးပွတ်လို့ချော့တော့ ရှောင်းကျန့်ကမျက်ရည်တွေနဲ့မော့ကြည့်လာတယ်။

" အားကျန်က အခုဆယ့်ခုနှစ်နှစ်လည်းပြည့်တော့မယ် ပမမရဲ့အသုံးမကျမှု၊အကြီးမပီသ‌မှုတွေကြောင့် အားကျန့်ကစာမသင်ခဲ့ရဘူးလေ၊ပြီးတော့ "

" မမအဲ့လိုမပြောပါနဲ့ ရှောင်းကျန့်ကိုမမကဂရုစိုက်ပါတယ်၊ပြီးတော့ ရှောင်းကျန့်ကဉာဏ်မှမကောင်းတာ ကျောင်းတက်လည်းရှောင်းကျန့်ကစာမလိုက်နိုင်ဘူးလေ "

" အားကျန့်လေးက ဉာဏ်ကောင်းပါတယ်၊အဲ့တာကြောင့် မမကရှောင်းကျန့်လေးကိုကျောင်းထားပေးဖို့စီစဉ်ထားတယ် "

" ဗျာ ...ရှောင်းကျန့်က ဒီအရွယ်ကြီးကျမှ ကလေး‌တွေလို့လွယ်အိတ်ကြီးလွယ်ပြီးကျောင်းတက်ရမှာလား "

ရှောင်းကျန့်ရဲ့စကားကြောင့် ရှောင်းလီနဲ့ သူမရဲ့သူငယ်ချင်းတွေက ပြုံးကြတယ်။

ရှောင်းလီနောင်တရမိပါတယ်။ကလေးကိုဦးစားမပေးဘဲ သူမကပညာလောဘကြီးမိခဲ့တာ။အဲ့တုန်းက မေမေ့ရဲ့ခေါက်ဆွဲဆိုင်လေးကလည်း သိပ်မရောင်းရသေးတော့ မောင်နှမ‌နှစ်ယောက်ကျောင်းစရိတ်အတွက် မထောက်ပံ့ပေးနိုင်ဘူး။အလယ်တန်းတောင်မတက်ရသေးတဲ့အားကျန့်က အထက်တန်းတက်နေတဲ့သူမကို ' မမကပညာတက်ကြီးဖြစ်အောင်လုပ်ပြီး ရှောင်းကျန့်နဲ့အားရီကိုပြန်ရှာကျွေးပေါ့၊အခုရှောင်းကျန့်က ကျောင်းထွက်ပြီးအားရီကိုကူမယ်၊အားရီတစ်ယောက်တည်းရှာကျွေးနေရတာထက် ရှောင်းကျန့်လည်းကူရင် ပိုက်ဆံအများကြီးရလာမှာမလို့၊မမပဲကျောင်းတက်ရမယ်' တဲ့။ငယ်ရွယ်တုန်းမှာ ရင့်ကျက်တဲ့စကားတွေလို့ မဆိုသာပေမယ့် သူမကိုချစ်လို့ထွက်လာတဲ့စကားတွေလို့ မှတ်ယူထားတယ်။အခု သူမတစ်လှည့်စောင့်ရှောက်ရမယ့်အချိန်ရောက်လာခဲ့ပြီ။

ကျွန်တော့်ရဲ့ဆန်ခေါက်ဆွဲလေးWhere stories live. Discover now