_5_

1.9K 165 4
                                    

UNICODE

သုံးရက်။

ဝမ်ရိပေါ်ကရှောင်းကျန့်ကိုရှောင်နေတာ သုံးရက်ရှိပြီ။ဈေးကနေပြန်လာပြီးကတည်း ဝမ်ရိပေါ်ကရှောင်းကျန့်ကိုရှောင်နေခဲ့တာ။ရှောင်းကျန့်ကလည်းအရင်ကတည်းက စကားနည်းတဲ့သူဖြစ်တာကြောင့် ဝမ်ရိပေါ်ကိုစကားစမြည်းမပြောဘူး။အခုလည်းထမင်းဝိုင်းမှာ သူတို့နှစ်ယောက်ကလိုတာထက်ပိုပြီးတိတ်ဆိတ်နေတယ်။ဒါကိုသတိထားမိတဲ့ လီချန်းနဲ့ရှောင်းလီတစ်ယောက်ကိုကြည့်ရင်းနားမလည်နိုင်ဖြစ်နေကြတယ်။

ထမင်းစားပြီးအိမ်ရှေ့ကပက်လက်ကုလားထိုင်ပေါ်မှာ ဝမ်ရိပေါ်ကမိုဘိုင်းဂိမ်းမဟုတ်တဲ့ဂိမ်းတစ်ခုကိုဆော့နေပုံပေါ်တယ်။လီချန်းကသူ့ညီနားသွားပြီး စကားပြောဖို့ပြင်နေတာကြောင့် ရှောင်းလီကခေါင်းညိမ့်ပြလိုက်တယ်။သူမလည်းအားကျန့်ကို စကားပြောဖို့လိုနေပြီ။ဒါကြောင့် အိမ်အနောက်ဘက်ရှိကမုလေးပေါ်မှာထိုင်နေတဲ့အားကျန့်ဆီကိုသွားလိုက်တယ်။

နောက်နှစ်ရက်လောက်နေရင်ဘဲ မြို့တော်ကိုပြန်ကြတော့မှာ။မြို့‌တော်ကိုရောက်ရင်တစ်အိမ်ထဲအတူတူနေရမယ့် သူတွေကဒီလိုစိမ်းနေလို့ဘယ်ဖြစ်ပါ့မလဲ။သူမက အရင်ရက်တွေတုန်းကရှောင်းကျန့်နဲ့ရိပေါ်အဆင်ပြေပြေရှိနေကြလို့ စိတ်အေးခဲ့ရသေးတယ်။ဝမ်ရိပေါ်က သူမနဲ့အဆင်မပြေနိုင်ဘူးဆိုရင်တောင် အားကျန့်လေးနဲ့တော့အဆင်ပြေစေချင်ခဲ့တာ။သူမကကိစ္စကတစ်ခုကိုမေ့နေခဲ့တာပဲ။အားကျန့်က အနေအေးတယ်။ဝမ်ရိပေါ်က ခပ်တန်းတန်းနေတက်တယ်။ဒီလိုလူနှစ်ယောက်ကို အဆင်ပြေစေချင်နေတဲ့သူမကရူးနေလို့ပဲ။အဆင်ပြေရင်တောင် ခဏဘဲလို့သူမကသုံးသပ်မိတယ်။

အားကျန့်ကလိမ္မာတဲ့ကလေးမလို့ ပြောရဆိုရမခက်ဘူးဆိုတာသူမသိတယ်။သူမရဲ့စကားကိုလည်းအားကျန့်ကနားထောင်လိမ့်မယ်။သူမရဲ့တစ်ဝမ်းကွဲမောင်လေးက သူမကိုစိတ်ညစ်အောင်မလုပ်ဘူးဆိုတာလည်း သူမကအသေအချာသိနေတယ်။သူမကရှောင်းကျန့်ကို အကျိုးအကြောင်းပြောလိုက်တော့ ခေါင်းတစ်ချက်ညိမ့်ရင်းနားလည်းကြောင်းနဲ့အဆင်ပြေပြေနေမယ်လို့ သူမကိုအားကျန့်ကပြန်ဖြေခဲ့တယ်။

ကျွန်တော့်ရဲ့ဆန်ခေါက်ဆွဲလေးWhere stories live. Discover now