-10-

1.8K 154 3
                                    


Unicode

" အယ် "

အားချင်းကအခန်းထဲဝင်ဝင်ချင်း နီးကပ်နေတဲ့အိပ်ယာပေါ်ကလူနှစ်ယောက်ကြောင့် ကြောင်အ,နေမိတယ်။ဒါက ဘယ်လိုအခြေအနေလဲ။သူမတို့ရဲ့ဝမ်သခင်လေးက ကိုကိုအလှလေးရဲ့ပုခုံးနှစ်ဖက်ကို သေချာကိုင်ထားပြီးမျက်နှာချင်းကလည်းနီးကပ်နေတယ်။နားရွက်တွေနီရဲနေတဲ့ ကိုကိုအလှအလေးက သူမကိုမြင်တော့ဝုန်းခနဲမတ်တပ်ထရပ်တယ်။အချိန်ဘယ်လောက်ကြာသွားတယ်မသိ ရှောင်းကျန့်ရဲ့ဆံပင်တွေတောင် ရေခြောက်နေခဲ့ပြီ။

" ဟို...ဟို..."

ရှောင်းကျန့်က အားချင်းရဲ့ရူးကြောင်ကြောင်ပုံစံကိုကြည့်ပြီး ဘာစကားမှထွက်မလာတော့ဘူး။ဒါကြီးက ဘယ်လိုတောင်အနေအထိုင်မတက်မှုကြီးလဲ။လိုရာဆွဲတွေးတက်တဲ့ အားချင်းက ရှောင်းကျန့်ကိုအထင်လွဲနေမှာကိုစိုးရိမ်ပါတယ်။တကယ်ပါပဲ ရှက်လွန်းလို့ ရှောင်းကျန့်အငွေ့ပျံချင်နေပြီ။

" ဘာလာလုပ်တာလဲအားချင်း သူများအခန်းထဲဝင်ရင်တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား "

ဝမ်ရိပေါ်က အနေခက်နေတဲ့ရှောင်းကျန့်ကြောင့် အားချင်းကိုဝင်ငေါက်တယ်။

" အားချင်းက ကိုကိုအလှလေးထမင်းမစားရသေးလို့လာခေါ်တာပါ ပြီးတော့ အားချင်းတံခါးခေါက်ပါတယ် နှစ်ချက် "

အားချင်းက လက်နှစ်ချောင်းထောင်ပြပြီး ပြန်စွာတယ်။
ရှောင်းကျန့်ကတော့ အိပ်ယာပေါ်က သူ့နားကြပ်လေးကိုလှမ်းကြည့်တယ်။သူ(ရှောင်းကျန့်)တကယ်မကြားဘူး။တံခါးနဲ့အနည်းငယ်ဝေးနေတာကြောင့်လည်းဖြစ်နိုင်သလို သူ့ရှေ့ကဝမ်ရိပေါ်ကြောင့်လည်းဖြစ်နိုင်တယ်။လူကိုအနေခက်အောင်လုပ်ပြီး အာရုံတွေကို အကုန်ဖမ်းထားတယ်။ ဒါဆို ဝမ်ရိပေါ်ကရော တံခါးခေါက်သံမကြားဘူးလား။

ဝမ်ရိပေါ်က တံခါးခေါက်ကိုသေချာပေါက်မကြားခဲ့ပါဘူး။နားရွက်တွေနီပြီး ရှက်နေတဲ့ဆံနွယ်ရှည်ပိုင်ရှင်လေးဆီမှာ အလုံးစုံကျရှုံးနေလို့။

" ဒါ.... ဒါဆိုလည်း သွားစားတော့လေ ရှောင်းကျန့် အစာလွန်ရင်ဗိုက်မကောင်းဖြစ်နေလိမ့်မယ် "

ကျွန်တော့်ရဲ့ဆန်ခေါက်ဆွဲလေးWhere stories live. Discover now