Chapter 37

2.5K 203 3
                                    

မင်္ဂလာဆောင်ဖို့ ဘယ်နှစ်ရက်လောက်လိုသေးလဲ

ကိုက်ခဲနေသော ခန္ဓာကိုယ်ကြောင့် ကျောက်လီဖေး ညည်းတွားမိသည်။ နာကျင်စွာဖြင့် ဖြည်းဖြည်းချင်း ထထိုင်လိုက်၏။ သူမ၏ပတ်ပတ်လည်ကို နားမလည်နိုင်စွာဖြင့် ငေးကြည့်မိသွားရသည်။ ကြီးကျယ်ခမ်းနားထည်ဝါသည့် ဆေးရုံခန်းတစ်ခုဖြစ်ပြီး ပုံမှန်တွေထက် နှစ်ဆကြီးမားလေသည်။

သူမကို ချိတ်ဆက်ထားသော IV dripနှင့် ဘေးက စက်ပစ္စည်းအမျိုးမျိုးကို တစ်ချက်ကြည့်လိုက်၏။

‘ငါဒီမှာ ဘာလုပ်နေတာလဲ’ သူမ သတိမေ့နေခဲ့တာ ဘယ်လောက်ကြာပြီမှန်း လုံးလုံးမသိသည်ဖြစ်၍ သူမကိုယ်သူမ မေးလိုက်မိ၏။

အခန်းဟာ ပကတိပြောင်ရှင်းလျက် မည်သူမျှမရှိ။ အပြင်ဘက်က နေ့အလင်းရောင် ဝင်ရောက်လာစေဖို့  လိုက်ကာတွေကို ဆွဲဖွင့်ထား၏။

ကျောက်လီဖေး သက်ပြင်းချလိုက်မိသည်။ အခန်းကိုလှည့်ပတ်ကြည့်ကာ သူမ၏လက်ကိုင်အိတ်ကို ရှာဖွေလိုက်လျှင် ဘေးကညအိပ်စားပွဲပေါ်မှာ တင်ထားတာတွေ့မှ ပြုံးနိုင်တော့သည်။ လက်မောင်းကို အားစိုက်ရင်း လက်ကိုင်အိတ်ကိုဆွဲလိုက်သော်လည်း ယူလို့မရ။ မအောင်မြင်သည်မလို့ ဆောင့်အောင့်လျက် ကျောက်လီဖေးဟာ ကလေးတစ်ယောက်လို ဆူပုတ်နေတော့၏။

“အရူးလေး ၊ အကူအညီတောင်းတဲ့ခလုတ်ကို မင်း နှိပ်လိုက်ရမှာ”

ရန်ဖုန်းက တံခါးဝမှ ဆိုလာချေသည်။ သူမ၏လက်တိုတိုလေးဖြင့် မမှီသည့်နေရာက ပိုက်ဆံအိတ်ကို အားစိုက်ထုတ်ပြီး လှမ်းဆွဲနေကတည်းက သူကြည့်နေခဲ့တာဖြစ်သည်။

ကျောက်လီဖေးတစ်ယောက် ပါးစပ်အဟောင်းသားဖြင့် သူ့ကို ငေးကြည့်နေမိသည်။ ဘာကိစ္စ နတ်ဆိုးဘုရင်က ဒီကိုရောက်နေတာတုန်း… ပြီးတော့ဘယ်လိုလုပ် ငါ့အခန်းထဲကို ဝင်ထွက်နေရတာလဲ…

“ဓာတ်ပုံရိုက်ထား ကြာကြာခံတယ်ကွ”

ရူးကြောင်ကြောင်နိုင်သည့် သူမ မျက်နှာထားကြောင့် ရန်ဖုန်း ရယ်လိုက်မိသည်။ အခန်းထဲသို့ အစားအသောက်တွေ တစ်အိတ်လိုက်ကြီးဖြင့် ဝင်ချလာ၏။

ဥက္ကဋ္ဌကြီးရဲ့ သတ္တိခဲအမျိုးသမီးလေး (ဘာသာပြန်) IWhere stories live. Discover now