Chapter 139

1.8K 136 0
                                    

အဆင်သင့်မဖြစ်သေးဘူး

သူ့မျက်နှာကို သူမအရပ်နှင့်ညီအောင် ဆွဲယူလိုက်သည်။ ထိုမှသာ သူမ အရမ်းခြေဖျားထောက်ဖို့ မလိုတော့မှာဖြစ်သည်။ ဒါပေမဲ့ သူ့ဆီမှာ ပိုကောင်းသည့်စိတ်ကူးတစ်ခုရှိနေ၏။ သူမကို သူ ရုတ်ချည်း ကောက်ချီလိုက်တော့ သူမက အော်လာသည်။ တစ်ဖန်ထပ်ပြီး သူမကို သူချီသည့်ကိုယ်နေဟန်ထားက မှားနေပြန်ပါပြီ။ သို့သော် ဒါဟာ သူ့၏ တမူထူးခြားသည့်အကျင့်လေးမှန်း သိရှိလိုက်ရသည်ဖြစ်၍ သူ့ပခုံးထက်မှာသာ ဇိမ်ကျကျဖြင့် ခေါင်းလေးကိုမှီတင်ထားလိုက်တော့၏။

ဆိုဖာဆီသို့သယ်သွားကာ ထိုင်ချလိုက်ပြီး သူမကိုယ်ကို သူ့ပေါင်ပေါ်တင်၍ ထိုင်စေသည်။ သူမ၏စကားတွေကြားပြီး စိတ်ပျက်ခံပြင်းလာသော်လည်း သူ့လက်တွေက သူမ၏ခါးတစ်ဝိုက်ကို ဆက်၍တင်းတင်းဖက်ထားစဲ…

“ကျွန်မ ရှင့်ကို သဘောကျတယ် ရန်ဖုန်း”

သူမ ခေါင်းမော့၍ သူ့မျက်ဝန်းတည့်တည့်ကိုကြည့်လိုက်သည်။

“ကျွန်မ တကယ် တကယ်ကြီး သဘောကျတာ”

သူမ၏စကားတွေက သူ့ဒေါသတွေကို အစကတည်းကမရှိခဲ့သလိုမျိုး လေထဲမှာ ချက်ချင်း ပျောက်ကွယ်သွားအောင် ဖြေဖျောက်ပေးဖို့ လုံလောက်ပါ၏။

“ဒါပေမဲ့ ရှင် ဒီအချစ်ရေးကိုအဆင်ပြေချင်တယ်ဆိုရင် ကျွန်မရဲ့မကျော်ရမဲ့စည်းတွေကို ရှင်သိထားဖို့လိုတယ်၊ ကျွန်မက ချုပ်ချယ်တာကို မုန်းတယ်၊ ရှင် ကျွန်မကို စိတ်ပူတယ်ဆိုတာလောက်နဲ့ ကျွန်မရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်တာကို မုန်းတယ်၊ ကျွန်မတို့ရဲ့ဆက်ဆံရေးကို အဆိပ်အတောက်မဖြစ်စေချင်ဘူး”

အဆုံးနားကို သူမ ခပ်တိုးတိုးပြောရင်း သူ့မျက်နှာကိုဆွဲချ၍ နဖူးချင်းထိကပ်ထားလိုက်သည်။

သူမက သိမ်မွေ့စွာပြုံး၍ တိုးကပ်ကာ သူ့နှုတ်ခမ်းကို ခပ်သွက်သွက်နမ်းလိုက်သည်။ သူမ ပြန်ခွာသွားလျှင်သွားချင်း သူ့မျက်ဝန်းတို့မဲမှောင်လာသည်။ သူမ၏နှုတ်ခမ်းကိုဖမ်းချုပ်၍ အနမ်းပြင်းပြင်းပေးရန်ကြိုးပမ်းသော်လည်း သူမက အလျင်အမြန်ပင် ခေါင်းပြန်ဆုတ်သွား၏။

ဥက္ကဋ္ဌကြီးရဲ့ သတ္တိခဲအမျိုးသမီးလေး (ဘာသာပြန်) Iحيث تعيش القصص. اكتشف الآن