Chapter 67

2.1K 182 5
                                    

ရင်းနှီးနေသောမြင်ကွင်းတစ်ခု

ရုတ်တရက် အလွန်ရင်းနှီးလှသောအသံလေးတစ်သံဖြစ်ပေမဲ့ မကြားချင်သည့်သတင်းကို ကြားရပေတော့မည်။ ယင်းအသံအောအောက နွေးထွေးမှုတွေပြည့်လျှံကာ အသက်ပါလှ၏။

ရန်ရုချင်ခမျာ အနှီအသံလေးကြောင့် တထိတ်တလန့်ဖြစ်သွားရချေပြီး သူမ၏အတွေးတွေကို အလျင်အမြန်ဆွဲခေါ် ယူလိုက်ရ၏။ သူ့ရယ်သံကို ကြားရတော့ သူမနားတွေက သူမကို လှည့်စားနေတာများလားဟု တွေးလိုက်မိသွားသည်။ ထိုရယ်သံက သူ့ရန်သူတွေအပေါ်သုံးလေ့ရှိသည့် မခံချိမခံသာဖြစ်စေသော အေးစက်စက်ရယ်သံလိုမျိုးမဟုတ်။ သူမ မကြားခဲ့ရတာ အတော်ကြာပြီဖြစ်သည့် ရယ်သံ _ဟန်ဆောင်မှုတွေကင်းမဲ့သော ရယ်သံစစ်စစ်လေး…

နောက်ဆုံးအကြိမ် သူမ ကြားခဲ့ဖူးသည်မှာ သူ နိုင်ငံခြားက နာမည်ကြီးကျောင်းတစ်ခုကိုသွားတက်ဖို့ ထွက်မသွားခင်အချိန်ကဖြစ်သည်။။ အတိအကျပြောရမယ်ဆိုလျှင် သူ လေယာဉ်မစီးခင် ဖေးဖေးက ပေသလူးကာနှာတရှုံ့ရှုံ့ဖြစ်နေခဲ့သည့် အချိန်မတိုင်ခင်ကဖြစ်၏။ ဖေးဖေး၏ပေါကြောင်ကြောင် ပုံစံလေးကြောင့် သူဟာ ရယ်မောနေခဲ့သော်လည်း နောက်ပိတ်ဆုံး သူမကို သူ နှစ်သိမ့်ချော့မြူလိုက်ရလေတော့သည်။ ၎င်းသည် ကလေးတစ်ယောက်ကို သူ ပေါ်ပေါ်ထင်ထင် ချစ်ခြင်းမေတ္တာပြသဖူးသည့် ပထမဆုံးအကြိမ်ပင်ဖြစ်ပါ၏။

သူမ ကြားနေရသည့်အသံက အမှန်တကယ်ဟုတ်မဟုတ် သိချင်တာကြောင့် ရန်ရုချင် ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ပြီး‌ ဖေးဖေးအခန်းထဲသို့ အားယူကာစိုက်ကြည့်လိုက်သည်။

အခန်းထဲမှာရပ်လျက် ရန်ဖုန်းက ကျောက်လီဖေး ပြောခဲ့သည့် (သို့) လုပ်ခဲ့သည့် အပြုအမူတစ်ခုခုကြောင့် ရယ်မောနေသည်။ ဖေးဖေးကလည်း ပြုံးနေပြီး သူမတို့ကို ငေးကြည့်နေသည့် အံ့အားသင့်သောမျက်ဝန်းတွေကို လုံးဝသတိမပြုမိပါချေ။ ရန်ဖုန်းက သူမ အနားမှာပဲ ပြုံးရယ်တယ်ဆိုသည့်အချက်ကို သူမ လုံးလုံးသိပုံမပေါ်ပါ။ သူမဘက်က အမြင်ရကြည့်လျှင် သူမအနားတွင် အမြဲရှိနေတတ်သည်က ဒီလိုလွတ်လပ်ပေါ့ပါးသည့်ရန်ဖုန်းသာလျှင်ဖြစ်သည်မလို့…

ဥက္ကဋ္ဌကြီးရဲ့ သတ္တိခဲအမျိုးသမီးလေး (ဘာသာပြန်) IWhere stories live. Discover now