Chapter 50

2.5K 189 3
                                    

ကာကွယ်တတ်သော ပင်ကိုဗီဇအရ

“ဒါသွားတိုက်တံအပိုပါ ရှင် သုံးလို့ရတယ် ပြီးတော့ ဒီမှာတဘက်”

ပိုင်ချင်းက ပစ္စည်းတွေကို ကျောက်လီဖေးထံ ပစ်စလက်ခတ်ပေးလာသည်မှာ လက်ထဲကပစ္စည်းတွေဖြင့် ပစ်မပေါက်ရုံတမယ်…

ကျောက်လီဖေးခမျာ အံ့ဩရမှုကြောင့် မျက်ခုံးတွေမြင့်တက်သွားပြီး ရင်ထဲ၌မီးတောက် သေးသေးလေး အစပျိုးလာရသည်။ စိတ်လျော့ထားဖို့ သူမကိုယ်သူမ ပြန်သတိပေးလိုက်ရသည်။ သူများအိမ်တွင် ပြဿနာကြီးကြီးမားမားမဖြစ်ချင်။ အထူးသဖြင့် သူမနှင့်မသက်ဆိုင်သော အိမ်စေတစ်ယောက်ဖြင့်…

“ဪ… ပြီးတော့ ဒီမှာခွက် ၊ မစ္စတာရန်က တခြားသူတွေနဲ့ပစ္စည်းမျှသုံးရတာမကြိုက်လို့ ပြီးရင် အကုန်လုံးကို လွှင့်ပစ်ရမှာ”

ပိုင်ချင်းက ခွက်ကို စကျင်ကျောက်ဘေစင်ပေါ် ဆောင့်ချလိုက်သဖြင့် ကျယ်လောင်စွာ အသံမြည်ဟီးသွား၏။

“ပြီးတော့ ဒါက အင်္ကျီအပို”

ကောင်တာပေါ်သို့ အဝတ်တွေ ပစ်တင်ပေးလာသည်။

ကျောက်လီဖေး အံကြိတ်ကာ ဒေါသတွေကို ချိုးနှိမ်ထားနေရသည်။ ဒီအစေခံမကို ရိုက်ပြီး ဆုံးမချင်လွန်းလွန်းလို့ လက်တွေကိုယားနေတာပဲ…

ဤနေရာတွင် လွန်ခဲ့သောနှစ်နှစ်က အဆိုးအပေအမျိုးသမီးလေးသာဆိုလျှင် ပိုင်ချင်းလိုဟာမျိုးကို ချက်ချင်းဆုံးမပစ်လိုက်ဖို့ တုံ့နှေးနေလိမ့်မည်မဟုတ်။ ထိုအမျိုးသမီးအတွက် သူများကို နာကျင်အောင်လုပ်ဖို့က မျက်တောက်ခတ်သလောက်ကို လွယ်လွန်း၏။ ခပ်ကြောင်ကြောင်မိန်းမကို ပါးရိုက်လိုက်ဖို့ မျက်တောင်တစ်ချက်ခတ်မှာမဟုတ်။ အသိုင်းအဝိုင်းထဲမှ ကြွယ်ဝချမ်းသာသော မိသားစုတွေကိုတောင် သူမ ထိန်းချုပ်မှုအောင်ရောက်စေခဲ့တာ ဘာကျောထောက်နောက်ခံမှမရှိသည့် အိမ်စေတစ်ယောက်အဖို့ကတော့ သူမအတွက် ကလေးကစားသလို။

သို့သော်ငြား သူမပျောက်ကွယ်သွားခဲ့သည့် နှစ်နှစ်အတွင်းတွင် သင်ယူခဲ့ရတာတွေက ဒါတွေ မဟုတ်ဘူးလို့ ပြန်နှလုံးသွင်းရသည်။ သူမ၏အကြံပေးတွေက မည်သည့်အခါမှ လူတွေကို ခံစားချက်အမှန်ထုတ်မပြဖို့ သူမကို သတိပေးထားခဲ့သည်။ မုန်တိုင်းက ငြိမ်သက်လေလေ အပျက်အစီးက ကြီးလေလေပါပဲ။

ဥက္ကဋ္ဌကြီးရဲ့ သတ္တိခဲအမျိုးသမီးလေး (ဘာသာပြန်) IWhere stories live. Discover now