Chapter 71

2.2K 185 3
                                    

မရဘူးလို့ ပြောရင်ရော

ရုတ်ခနဲ သူမ ပြန်ထဖို့လုပ်ပေမဲ့ သူ့ခွန်အားကြီးက ကြောက်စရာ။ ဒါ_ဒါကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… တိုက်ခိုက်ရေးအတွက် သူမ၏သက်လုံနှင့်ခွန်အားကို တည်ဆောက်ဖို့ အချိန်အတော်ကြာကြာ လေ့ကျင့်ယူခဲ့ရသည်။ ယခုတွင် သူမ၏ခွန်အားတွေက အရာမထင်သည်မလို့ ထိတ်လန့်သွားရ၏။ သူမ အားကစားမလုပ်ဖြစ်တာ ကြာသွားလို့များလား… gym သို့ သွားရတာမကြိုက်၍ သူမ မလေ့ကျင့်ဖြစ်ခဲ့သည်မှာ ကာလတစ်ခုလောက်ကြာမြင်ခဲ့ပြီဖြစ်ရာ အဲ့လိုတော့ ဖြစ်ကောင်းဖြစ်နိုင်သည်။

ရန်ဖုန်း၏ကြွက်သားအပြည့်ကိုယ်ထည်က သူပုံမှန်လေ့ကျင့်ခန်းလုပ်ထားလို့ဖြစ်ကြောင်း သူမ သိသည်။ ယခုပင်လျှင် သူမနှင့်ထိကပ်နေသည့် တောင့်တင်းသောသူ့ခန္ဓာကိုယ်ကို ခံစားနိုင်၏။ ထိုသို့ဆိုလျှင်တောင် သူမကို သူ ဟန်မပျက် အလွယ်လေးကိုင်ထားဖို့မဖြစ်နိုင်ဘူးဟု ထင်မိသည်။

သူမ၏လက်ကို အားကုန်သုံး၍ ပြန်ဆွဲလိုက်သော်လည်း သူက အနေအထားမပျက်။ တိတိကျကျပြောရရင် သူ့အပေါ်သက်ရောက်နေသည့်အားပြင်းပြင်းကို မမှုသလိုဘဲ။

သူ့မျက်နှာထားက မပြောင်းသွားဘဲ သူပုံစံက သူမ တဟုန်ထိုးဆောင့်ဆွဲနေသည်ကို မခံစားရသည့်အတိုင်း။  သို့ဖြစ်၍ သူမ ဘဝင်မကျဖြစ်သွားပြီး ပြန်ဆွဲဖို့ ကြိုးစားပြန်သည်။ တစ်ဖန်ထပ်ပြီး သူမ၏ကြိုးစားမှုက အချည်းအနှီးသာဖြစ်သွားရသည်။

“တွန်းထိုးနေတာရပ်တော့”

သူက သူမကို ပြောလာပြီး သူမ၏နဖူးပြင်က ဆံနွယ်စတစ်ချို့ကို အနောက်သို့သပ်ပေးသည်။ သူ ဆုပ်ကိုင်ထားသည်မှာ အင်မတန်ခိုင်မြဲလှသော်လည်း အံ့ဩစွာပင် ဒါကသူမကို မနာကျင်စေ။

ဘာလို့ဒီလိုဖြစ်သလဲဆိုတာ သူမ သိချင်မိသည်။ ဟိုအရင်က ကျန့်ထင်းရီ သူမကို ဘယ်လိုပဲဖြစ်ဖြစ်ရုပ်ပိုင်းဆိုင်ရာ ထိစပ်မိတိုင်း သူ အားသိပ်မသုံးတာတောင် တစ်နည်းမဟုတ်တစ်နည်းဖြင့် သူမ ထိခိုက်ဒဏ်ရာရပြီးတော့သာ နိဂုံးချုပ်သွားတတ်သည်။

ဥက္ကဋ္ဌကြီးရဲ့ သတ္တိခဲအမျိုးသမီးလေး (ဘာသာပြန်) ITahanan ng mga kuwento. Tumuklas ngayon