Chapter 48

2.4K 205 1
                                    

အရူးတစ်ယောက်လို

ခါတိုင်းလိုပဲ ညလယ်ခေါင်တွင် ရန်ဖုန်း နိုးလာခဲ့သည်။ ပင်ပန်းနွယ်နယ်စွာဖြင့် ပိုးသားဆံပင်တွေထဲ လက်တစ်ဖက်ထိုးဖွလိုက်ပြီးမှ သူ့အနေအထားကို သဘောပေါက်တော့သည်။ သူသည် အိပ်ရာပေါ်တွင် ရောက်လို့နေပြီး စောင်တစ်ဝက်တစ်ပျက်ခြုံထားသည်။ ညအိပ်ဝတ်လိုက်သည့်အတွက် အနည်းငယ် ဖိုသီဖက်သီဖြစ်နေသည်မှလွဲလျှင် ဒီမနက်က ဝတ်သွားခဲ့သည့် အနက်ရောင် သုံးစုံတွဲအနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားစဲ…

အိပ်ရာပေါ်ကနေဆင်းလိုက်ချိန် ဖြစ်ပျက်ခဲ့သမျှကို သတိပြန်ရသွားသည်။ သူနှင့် ဓာတ်မတည့်သည့် အစားအစာကို လိုလိုလားလားစားသောက်၍ အကြိုက်ဆုံးဖြစ်သည့်ဟန်ဆောင်ခဲ့တာတွေကို နောက်ကြောင်းပြန်မိသည်။

အရေးပေါ်ထိုးဆေးမဆောင်လာခဲ့ဖြင့် မြန်မြန်သာကုသမှုမခံယူခဲ့ပါက သူ သေသွားနိုင်သည်။ သူ အဲ့ဒါကို မစားလိုက်သင့်မှန်း သိပါသည်။ သို့သော် ဒါဟာ ကျောက်လီဖေးက ပထမဆုံးအနေဖြင့် သူမသဘောနှင့်သူမ သူစားဖို့ ထည့်ပေးလာခဲ့သည့်အရာဖြစ်နေချေသည်။ အခြေအနေတိုးတက်လာသည်မလို့ သူမ စိတ်ပျက်သွားအောင် မစားဘဲမနေလို။ နောက်အနာဂါတ်တွင်လည်း တတ်နိုင်သမျှ လုပ်လိမ့်မည်မဟုတ်။

သူမနှင့်အလွန်အမင်း ပူးကပ်ကပ်ရှိခဲ့သည်အတွက် သူ့ဆီမှ ပန်းရနံ့လေး ရနေသေးသည်ကို သတိထားလိုက်မိတော့ မျက်နှာပေါ်၌ အပြုံးရေးရေးလေးဖြစ်တည်လာသည်။ သူမကို သူ မှီတွယ်လိုက်သည့်အချိန်တုန်းက ဘယ်လောက်တောင် ဝေဒနာတွေလျော့ပါးသွားခဲ့ရကြောင်းနှင့် သက်သောင့်သက်သာဖြစ်သည့် အနေအထားမျိုးရအောင် သူ့အတွက် သူမ ခန္ဓာကိုယ်လေးကိုနှဲ့ပေးခဲ့ပုံတို့ကို သူ အမှတ်ရပါ၏။

အရူးတစ်ယောက်လိုပြုံးရင်း ရန်ဖုန်း အခန်းထဲမှထွက်ကာ စာကြည့်ခန်း၌ အလုပ်သွားလုပ်ရန် ပြင်လိုက်သည်။ သို့သော် တစ်စုံတစ်ခုက သူ့အာရုံကို ဖမ်းစားသွားသည်။ အနက်ရောင် လည်သာဆိုဖာပေါ်တွင် အမျိုးသမီးတစ်ယောက် သူ့ကိုကျောပေးကာ ဘောလုံးလေးလိုကွေးလျက် ရှိနေ၏။

ဥက္ကဋ္ဌကြီးရဲ့ သတ္တိခဲအမျိုးသမီးလေး (ဘာသာပြန်) IМесто, где живут истории. Откройте их для себя