Chapter 78

2K 163 4
                                    

  မုန်တိုင်းက ဘေးဒုက္ခကပ်ဆိုးတစ်ခုဖြစ်လာတဲ့အခါ

ကျောက်လီဖေး ကားပေါ်ကနေ ဆင်းလိုက်သည့်အခိုက် ခမ်းနားလှသော မြို့ပြရှုခင်းကို မြင်ရသော စားသောက်ဆိုင်၏ အကောင်းဆုံးစားပွဲသို့ ခရီးဦးကြိုပြုနေရာချပေးလာသည်။

သူမ အဖိုးကို အတော်လေး မသင်္ကာတော့ဘူး။

ကျောက်ကော်ပိုရေးရှင်း၏ ရာထူးကြီးလူလေးယောက်ထိုင်နေသည့် စားပွဲရှေ့မှောက်၌ သူမ မတ်တပ်ရပ်လိုက်မိစဉ်မှာတင် သူမ၏ဆဋ္ဌမအာရုံက မမျှော်လင့်ဘဲ မှန်ကန်နေကြောင်း အတည်ပြုလိုက်နိုင်သွားသည်။ တစ်ခန်းလုံးကို မီးရှို့ပြာချလုမတတ် မလိုမုန်းထားအကြည့်တွေနှင့် ကြည့်နေပါသော သူမ၏ဖခင်ဖြစ်သူလည်း ပါတာပေါ့။

ဒီစားသောက်ဆိုင်က အလွန်တရာဆိတ်ငြိမ်ပြီး အကျော်ဇယျဧည့်သည်များကို တွေ့ရတတ်လေ့ ရှိသော်လည်း လူအများမှာ သူမတို့စားပွဲကို မကြည့်ဘဲမနေနိုင်ကြချေ။ ကျောက်မိုယောင်ကို လူကိုယ်တိုင်တွေ့ရတာ အံ့ဩစရာဆိုပေမယ့် ပိုပြီးတော့ အံ့အားသင့်ရသည့်က သူ့သားနှစ်ယောက်နှင့်အတူ တွေ့လိုက်ရလို့ဖြစ်သည်။

စီးပွားရေးအသိုင်းအဝိုင်းတွင် အသိများသည်က ကျောက်မိုယောင်ဟာ သူ့သားသမီးတွေကို ကုမ္ပဏီ၏ ရှယ်ယာအနည်းစုကိုသာပေးထားပြီး နှစ်ယောက်သာလျှင် ကုမ္ပဏီမှာတကယ့်ရာထူးကို ထိန်းသိမ်းနိုင်ခဲ့၏။ ထိုသူနှစ်ယောက်က သူမ၏အကြီးဆုံးဦးလေးနှင့် အဖေတို့ပဲဖြစ်ကြသည်။

ကျောက်မိုယောင်က အပြင်လူကိုသာ သူ့အရိုက်အရာဆက်ခံမည့်သူအဖြစ် ရွေးချယ်ခဲ့ခြင်းကို အများသူတွေက တကယ်ပဲထူးဆန်းတယ်လို့တော့ မထင်ကြဘူး။

သူဆိုတာ သူ့သားမြေးတွေထက် ထူးချွန်တော်တတ်သည့်လူကို ပိုသဘောကျတာ လူတိုင်းနီးပါး သိထားကြပြီသား။

ဒုဥက္ကဋ္ဌက ဘယ်သူဆိုတာကို ပထမဆုံးကြေငြာလိုက်သည့်သတင်းက သူ့ကလေးတွေအကုန်လုံးကို ဖြတ်ရိုက်ပစ်လိုက်သည့်နှယ်။ သူတို့က ကုမ္ပဏီမှာရှယ်ယာတွေ ရထားတာကလွဲလို့ ဒုဥက္ကဋ္ဌရာထူးအတွက် ပြောရေးဆိုခွင့်ရှိလောက်သည်အထိ အရာမရောက်ကြ။

ဥက္ကဋ္ဌကြီးရဲ့ သတ္တိခဲအမျိုးသမီးလေး (ဘာသာပြန်) IWhere stories live. Discover now