Chapter 23

2.7K 220 3
                                    

သူကရူးနေတာ

နာမည်ဆိုးကျော်ပါသည့် ရန်ဖုန်း၏ တုန်လှုပ်ခြောက်ခြားဖွယ်ဆိုးယုတ်လှသော ကောလဟပေါင်းစုံကို ကျောက်လီဖေး ကြားဖူးပါသည်။ သူဟာ အကြင်နာမဲ့ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး လူသတ်ခြင်း နှိပ်စက်ညှင်းပန်းခြင်းတို့အပြင် ရာစုနှစ်များစွာတည်ဆောက်လာရသည့် မိသားစုတစ်ခုလုံး၏ အမွေအနှစ်တွေ နိဂုံးချုပ်သွားလျှင်ပင် မျက်တောင်တစ်ချက်ခတ်မည့်သူမဟုတ်။

မြေအောက်လောကရှိ သူ့အဆက်အနွယ်တွေဟာ မည်သူမျှ သွားမရှုပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်း၏။ လက်ကောက်ဝတ်ကို သူ တစ်ချက်လှုပ်ရုံဖြင့် လူတွေဒူးထောက် အသနားခံလာစေနိုင်၏။

ရန်ရုချင်က အစ်ကိုဖြစ်သူ လုပ်နိုင်သည့်အရာတွေကြောင့် သူမကို သတိပေးလာတုန်းက အပြင်းဆုံး ထိုးနှက်ချက်အတွက် ကျောက်လီဖေး ပြင်ဆင်ထားခဲ့သည်။ ထင်ထားမိတာတွေက ခေါင်းကို အရိုက်ခံရတာ၊ လုပ်ကြံဖို့ကြိုးစားတာ၊ ကျောက်ကော်ပိုရေးရှင်းက စတော့ရှယ်ယာတွေ သိသိသာသာ ထိုးကျသွားတာ ဒါမှမဟုတ် ဘယ်နေရာမှန်း မသိသည့်တစ်နေရာရာမှာ နိုးထလာရတာမျိုးသာဖြစ်သည်။

သို့သော်နှစ်သန်းပေါင်းများစွာကြာရင်တောင် သူမ တွေးထင်ထားမိမှာမဟုတ်သည့် ဘူးတစ်ဘူးကို မနက်က လက်ခံရရှိလိုက်သည်။ မနက်စောစောတွင် နာမည်ကျော် CH လိုဂို ရိုက်ခတ်ထားသည့် အနက်ရောင်ဘူးတစ်ဘူး ရခဲ့၏။ ဘူးကို ဖွင့်ကြည့်လိုက်တဲ့အခါ သူမ နှလုံးခုန်ရပ်သွားရသည်။

ဗုံးတစ်လုံးမဟုတ်ခဲ့ဘဲ လုံးဝမတူညီသည့် အရာတစ်ခုရှိနေခဲ့၏။ ကတ္တီပါစပေါ်တွင်ရှိနေသည်မှာ သန်းရာချီတန်ပြီး ဝယ်ဖို့ခက်သည့် အနက်ရောင် ပိုက်ဆံအိတ်တစ်လုံးဖြစ်လေသည်။ ပိုက်ဆံရှိရုံဖြင့် ဒီအိတ်ကို ဝယ်ဖို့မဖြစ်နိုင်။ အိတ်အလုံးရေ ၅လုံးသာ ရှိပြီး ပိုင်ရှင်တွေအားလုံးက အမည်မသိသူများချည်းသာ။

ဈေးအလွန်မြင့်၍ထည်ဝါလွန်းသည့် လက်ဆောင်ကြောင့် ကျောက်လီဖေးခမျာ လည်ချောင်းတွေခြောက်လာရ၏။

ပိုက်ဆံအိတ်ကိုကိုင်ကာ ဟိုလှန်ဒီလှန်လိုက်ရင်း စိတ်ရှုပ်ထွေးလျက် ငေးကြည့်နေမိသည်။ သူက ဘာလို့ ဗုံးမဟုတ်ဘဲ ပိုက်ဆံအိတ်တစ်လုံး ပို့လိုက်ရတာလဲ…

ဥက္ကဋ္ဌကြီးရဲ့ သတ္တိခဲအမျိုးသမီးလေး (ဘာသာပြန်) IOnde histórias criam vida. Descubra agora