Chapter 76

2K 170 0
                                    

အသင့်ပြင်ထား

“ဆိုလိုတာက အဖိုး သမီးကို စိတ်မဆိုးဘူးပေါ့နော်”

ကျောက်လီဖေး၏အသံတွင် ဆူခံထိမှာကနေ လွတ်မြောက်တော့မည်ဆိုသော မျှော်လင့်အားထားချက်များက အပြည့်။

“ညည်းက ယုံကြည်ရတဲ့သူရဲ့မျက်စိအောက်မှာပဲ အရက်သောက်မိတာဆိုတော့ ဒီတစ်ခေါက် ညည်းကို ငါလွတ်ပေးလိုက်မယ်”

ကျောက်မိုယောင် မတတ်သာစွာ အလျော့ပေးမိသည်။

သူမ၏ရွှင်ရွှင်မြူးမြူးအသံလေးကို ကြားလိုက်ရတာကတစ်ကြောင်း ၊ တစ်နှစ်တာကတိကို ကြိုးကြိုးစားစားလိုက်နာခဲ့သည်ကို မြင်တွေ့ခဲ့ရဖြင့် သူ ထပ်ပြီးစိတ်ဆိုးစရာမရှိဘူးဟု သေချာပေါက် ပြောလို့ရသည်။ ထို့ပြင် အရွယ်ရောက်ပြီးသား မိန်းကလေးတစ်ယောက်ကို အရက်မသောက်ခိုင်းတာက သဘာဝမကျဘူးဆိုတာလည်း သူ သိလေသည်။ သူက သူမကိုယ်သူမ ထိန်းချုပ်တတ်စေချင်ရုံ သာဖြစ်၏။

“ညည်း ဒီကတိကို အနှေးနဲ့အမြန် ချိုးဖောက်လိမ့်ဆိုတာ ငါသိပြီးသား၊ ညည်းကို လုံးဝ မသောက်ခိုင်းဖို့တာ မဖြစ်နိုင်တဲ့အိပ်မက်လေ၊ ဒါပေမဲ့ အလွန့်အကျွံတော့မဖြစ်စေနဲ့နော်၊ စောင့်ရှောက်ပေးမဲ့ သူငယ်ချင်းရှိတဲ့အချိန်မှာပဲ သောက်ရမယ်”

သူမကို သူ စိတ်မဆိုးဘူးဆိုသော်ငြား တကျည်ကျည်ဆက်လုပ်လာသည်။ သူလည်း မတတ်သာပဲကိုး။

ကျောက်မိုယောင်ဆိုတာ အညှာအတာမဲ့သည့် မေဂျာဆာဂျင်အဖြစ်ကနေ စီးပွားရေးသမားတစ်ယောက် ဖြစ်လာခဲ့သော လူရည်ချွန်တစ်ယောက်၊ သူ ဂရုစိုက်သည့်လူဆိုသည်မှာ အနည်းအကျဉ်းမျှသာ။

“အရက်နဲ့ပတ်သတ်ပြီး ငါ့ရဲ့တားမြစ်ချက်ကို ရုတ်သိမ်းပေးမယ် ၊ ဒါပေမဲ့ အရင်တုန်းကလိုမျိုး ရူးကြောင်ကြောင်ဖြစ်သွားတဲ့အထိတော့ မသောက်ရဘူး”

အတိတ်တွေကို တစ်ပတ်ပြန်မလည်စေချင်။ ပြီးတော့ ဆန်ကုန်မြေလေးတစ်ချို့၏ စက်ဆုပ်ဖွယ် အချစ်ရေးကိစ္စတွေကိုကြားပြီး အိပ်ပျော်ဖို့အတွက် ငိုယိုအရက်သောက်၍ ဧည့်ခန်းထဲမှာ ဝိုင်ပုလင်းအလွတ်တွေကြားထဲ မေ့လဲနေတာမျိုးကို သူ မမြင်ချင်ဆုံးဘဲ။

ဥက္ကဋ္ဌကြီးရဲ့ သတ္တိခဲအမျိုးသမီးလေး (ဘာသာပြန်) IOnde histórias criam vida. Descubra agora