Part 1

15.4K 333 5
                                    

Part 1

"မောင်ရာ မင်းဘာမှမသိပါဘူး ​​​​ငါ  ကမော်ဒယ်လ်တစ်ယောက်လေ poseတွေဘာတွေပေးရင် ဒီလိုပဲအပွေ့အဖက်လောက်တော့ရှိမှာပေါ့"

ဆူးရဲ့ ပေါ့ပျက်ပျက်ဖြေရှင်းချက်တစ်ခုကို ဇုဏ်းနားရည်ဝနေပါပြီ ရေရေရာရာမဟုတ်တဲ့ အကြောင်းပြချက်တွေနဲ့ သူဇုဏ်းကို ဆင်ခြေပေးနေတာကြာပြီဖြစ်ပြီး ဇုဏ်းကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို လိမ်ညာခဲ့ရပေါင်းများနေခဲ့ပြီဖြစ်သည် သို့သော် ဆူးဘက်မှ ရင့်ရင့်သီးသီး လိုလိုချင်ချင် မစွန့်ပစ်သရွေ့ ဒီဆူးလေးကို ရင်ဘတ်ထဲ နာကျင်ခံပြီးစိုက်ထားဦးမှာပါ..

"တော်ရုံ ဖက်တာလောက်ဆို မောင်ဘာမှမပြောဘူး ဆူး အခုဟာက သူက ဆူးကိုနမ်းခဲ့တာလေ"

"​မောင်ရာ မင်းကအရမ်း အောက်တာပဲ မင်းသိတာဘာရှိလို့လဲ မင်းသိတာ လူနာတွေကိုဘယ်လိုလုပ်ပေးမယ် ရွံစရာကောင်းတဲ့  အနာ ဒဏ်ရာတွေ စိတ်ပျက်စရာ အစီအစဥ်တွေ နယ်တကာလှည့်နေတာနေတာတွေ ဒါတွေနဲ့မင်းကျွမ်းဝင်နေပြီ မောင် မင်း ခေတ်ကြီးနဲ့အတူပြောင်းလဲလာတဲ့လူတွေကိုပါ မြင်အောင်ကြည့်သင့်တယ်"

မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးထားရင်း တရစပ်ရန်တွေ့နေသည့် ကလေးငယ်သည် ချစ်စဖွယ် မျက်နှာလေးနဲ့မလိုက်ဖက်စွာ စကားတွေကရင့်သီးနေပါရောလား အရင်ကလိုမောင်ဆိုပြီး တစာစာ ချွဲနေတတ်တဲ့ ကလေးငယ်ပြန်ဖြစ်ဖို့ မောင်ဘယ်လိုပုံသွင်းပေးရမှာပါလိမ့် ဆူးငယ်ရယ် နာကျင်ရပါတယ်

"မောင်သိပါတယ် မကြည့်ချင်တောင်မြင်နေရတယ် လူတွေပြောင်းလဲနေပြီဆိုတာကိုပေါ့"

"ဘာ မောင်ဘာကိုဆိုလိုတာလဲ ပြောချင်တာ ငါက ပြောင်းလဲသွားတယ်လို့လား မဟုတ်ဘူးမောင် ပြောင်းလဲသွားတာကမင်းနော်"

"ဆူး ပြောင်းလဲသွားတယ်မောင်မပြောပါဘူး ဆူးအတွေးလွန်နေပါပြီ"

"မောင် ငါ့ကိုလိမ်မနေနဲ့ မင်းပြောချင်တာငါနားလည်တယ် ဘာလဲ ကောင်လေး တစ်ယောက်နဲ့ နမ်းတဲ့ ပုံလေးတစ်ပုံကြောင့် ငါပြောင်းလဲသွားပြီလို့် မင်း​ပြောချင်တာလား မင်းလိုငါပြောမယ် မင်းကော မင်းလူနာတွေနဲ့ ရင်းရင်းနှီးနှီးမနေနဲ့လေ ဖက်တာတွယ်တာတွေ ထိကိုင်တာတွေမလုပ်နဲ့လေ"

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now