Part 35

3.1K 109 0
                                    

"ဆူး မောင်စျေးသွားမှာလိုက်မှာလား"

ထိုသို့ပြောလိုက်မှ အိပ်ယာပုံထဲမှ လူးလဲထကာ ပြေးလာ၏

"ဆူး ချက်ချင်းမထရဘူးလေ အာရုံကြောတွေပြတ်နိုင်တယ်လို့"

"ငါ က မောင်ထားခဲ့မှာစိုးလို့"

ဆူပုပ်ပုပ်လေးဖြင့် ပြောနေသည့်ဆူးက အိပ်ယာနိုးတာနဲ့ ဇုဏ်းရဲ့ပျော်ရွှင်ခြင်းအမှုကိုဖန်တီးပေးသည်

"ဆူးကမှမထနိုင်တာကို သွား မျက်နှာသွားသစ် ​မောင် ဧည့်ခန်းမှာစောင့်နေမယ်"

"ဟုတ်"

ချစ်စဖွယ်ကောင်းအောင်ပြောပြီး ရေချိုးခန်းဘက်ထွက်သွားတဲ့ ဆူးက အရင်ကထက်ပိုပြီးချစ်စရာကောင်းလာသည်ကိုသိမှသိပါလေစ
တစ်ခါတလေ ရင့်ကျက်နေတတ်ပေမယ့် တစ်ခါတလေ ကျတော့လဲ ကလေးဆန်ပြီး ချွဲတတ်ရန်ကော...
သူကတော့ ဆူးကဘယ်လိုပုံဖြစ်ဖြစ် ရင်တွင်းမှာ အချစ်ပိုရဆဲပါ...
.
.
.
.
"မောင် ရပြီ သွားမယ် "

ဇုဏ်းလှည့်ကြည့်တော့ Hoodie အပွကြီးကိုမှ ဘောင်းဘီအပွနဲ့တွဲဝတ်ထားသည့် အညိုလုံးဝက်ဝံလေးကပြုံးပြသည်

"ဆူးကအဝတ်ပါလှဲလာတာပဲ"

"မောင်ကလဲ အဝတ်မလဲရင် ငါကညအိပ်ဝတ်စုံကြီးနဲ့ လိုက်ရမလား"

"အဲလိုမဟုတ်ပါဘူး မောင်က"

"ငါအခုကြည့်မကောင်းလို့လား"

"မဟုတ်ပါဘူး ဒီလောက်ချစ်စရာကောင်းနေတာကို "

တကယ် "

"တကယ်ပါ လာလာ စျေးပိတ်သွားရင် ဒုက္ခရောက်မယ်"

"ဟုတ်ပါပြီ "

ပြောပြီး ဇုဏ်းလက်ကို ဆွဲလျက်လိုက်လာသည် ဇုဏ်းကလဲ ဒီမြို့ကိုလာတုန်းက အလျင်စလို လာခဲ့ရတာကြောင့် ကားမယူဖြစ်ခဲ့... ကားပြန်ယူဖို့ကလဲ အဆင်မပြေတာကြောင့် အခုလို ခြေလျင်သာသွားလာရသည်

"မောင် ဘာဝယ်ကြမှာလဲ"

စျေးတန်းထဲရောက်တော့ ဆူးကမေးလာသည်

"ဆူး ဘာစားချင်လဲ "

"မောင်ကချက်ကျွေးမှာလား"

မျှော်လင့်တကြီးမေးလာသည့် ဆူး​က ဘာတွေတောင်းဆိုမလဲ ကြိုသိနေမိသည်

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now