Part 38

3.4K 113 1
                                    

Unicode.....

ဆူး မောင့်နံဘေးထိုင်ကာ မောင့်လက်လေးကိုကိုင်လိုက် မျက်နှာလေးကိုကိုင်လိုက်လုပ်နေမိသည် နှစ်ရက်ကြာသည့်တိုင် သတိမရသေးသည့်မောင့်ကြောင့် ဆူးမှာလဲ အပြိုပြိုအလဲလဲ..

"မောင် နိုးလာတော့နော် ငါစောင့်နေတယ်"

Oxygen တွေသွင်းထားသည့်မောင့်အား ရင်နာစွာကြည့်ရင်း ပြောနေမိသည်

"အစ်ကိုဆူး နားလိုက်အုန်း ကျွန်တော်စောင့်ပေးထားမယ် ရေမိုးလေးချိုးပြီး လန်းဆန်းမှလာခဲ့ပေါ့"

"ရပါတယ် အစားထိုးဖို့ကရော ဘယ်လိုတဲ့လဲ"

"မတွေ့သေးဘူး"

ဝိုင်းထက်အောင်စကားအဆုံးမှာ စိတ်ပျက်စွာ သက်ပြင်းချမိသည်
မောင့်နဲ့ကိုက်ညီတဲ့ နှလုံးမျိုးကရှားသည်တဲ့ ဆူးတော့ ဘာလုပ်ရမှန်းကို မသိတော့ပေ

"မောင် နိုးလာတော့နော် မောင်နိုးလာရင် နည်းနည်းတော့ အားတက်မိမယ်ထင်တယ်"

"အစ်ကိုဆူး ထမင်းလဲမစားသေးဘူးမလား သွားပါအုန်း ကျွန်တော်ကြည့်ထားမယ် "

"မင်းကိုလဲ ကျေးဇူးတင်ပါတယ် ကူညီပေးခဲ့တာတွေအတွက် အဟက် ငါကမင်းလောက်တောင် မောင့်အကြောင်းကို နားလည်မနေခဲ့ဘူး ရယ်ရတယ်နော် ငါကစောက်ပြောဘဲရှိတာ တကယ်တော့ ငါကလုံးဝကိုစောက်သုံးမကျတဲ့သူပဲ"

မလှုပ်မယှက်နေကာ ကိုဇုဏ်းဆီမှ အကြည့်တို့လဲ မလွှဲဘဲ ငိုလိုက်ရယ်လိုက် ပြောနေသည့် အစ်ကိုဆူးသစ်နီကြောင့် ဝိုင်းလဲဘာပြောရမှန်းမသိတော့ပေ

"အစ်ကိုဆူး စိတ်ထဲမထားပါနဲ့ အရင်နေ့ကကျွန်တော်ပြောခဲ့တာက စိုးရိမ်လွန်ပြီး စိတ်မြန်နေလို့ပါ ဒါတွေကဒေါသတွေကြောင့်ပါ"

"ရပါတယ် ငါနားလည်ပြီးသား မောင့်နားနေပေးမယ်မလား ငါအိမ်ပြန်လိုက်အုန်းမယ် မောင်မပျင်းအောင် စကားတွေလဲပြောပေးပါနော်"

ဝိုင်းထက်အောင်က ခေါင်းငြိမ့်ပြတာကြောင့် ဆူးလဲ ကားသော့ယူကာ အိမ်ပြန်လာခဲ့သည်
အိမိပြန်ရောက်တော့ စိတ်မပါစွာနဲ့ပင် ရေမိုးချိုးနေသည် ထို့နောက် ရင်ထဲများ အေးလိုအေးငြား Bathtub ထဲစိမ်နေမိသည်
မောင်က Bathtub ထဲစိမ်တာ မကြိုက်ပေမယ့် ဆူးလွန်ဆန်လိုက်ပြန်ပါသည်

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now