Part 14

3K 124 4
                                    

Uni

Part 14

"ဆူး နိုးပြီလား "

မှုန်ကုပ်ကုပ်လေးဖြင့် ဇုဏ်းနားရောက်လာသူလေးအားမေးလိုက်သည် ပုံစံကြည့်ရတာ အရက်နာကျနေတယ်ထင်ပါ့..

"အင်း ငါခေါင်းမူးနေတယ်"

"မောင်သိတယ် ဒီမှာနွားနို့လုပ်ပေးထားတယ်"

ဆူး မျက်လုံးတွေမှေးစင်းပြီးမောင့်အားကြည့်လိုက်သည် မောင်ကဘာလား

"နွားနို့သောက်ရင် ​ခေါင်းမူးပျောက်လို့လား"

"အင်း နွားနို့ကအားရှိတယ်လေ အားရှိရင်ခေါင်းမမူးတော့ဘူး"

"အင်းပေါ့ မောင်ပြောသလိုပဲပေါ့"

ပြောပြီး နွားနို့ခွက်အားမော့ချကာ အသင့်ပြင်ထားသည့်ထမင်းဝိုင်းတွင် ဝင်လိုက်သည်

"မနက်စာစားပြီးမှ သောက်ရမှာကို အခုသောက်လိုက်တော့ ဘယ်ထမင်းစားနိုင်တော့မလဲ"

"စားနိုင်သလောက်ပဲပေါ့"

ဆူးပြောပြီး မောင်ပြင်ထားသည့် ထမင်းကြော်အား ငုံ့စားနေလိုက်သည် အခုဆူး တကယ်ကြောက်နေမိသည် မူးလာရင် ထိန်းမရတဲ့ ကိုယ့်ပါးစပ်အကြောင်းကိုယ်သိတယ် ပြီးတော့ အမူးပြေသွားရင် ဘာမှမသိတော့တဲ့ ကိုယ့်ဦးနှောက်အကြောင်းလဲသိနေတာမို့.....

"မောင် ..."

"အင်းး"

ဆူးမေးရင်ကောင်းမလား မကောင်းဘူးလား စဥ်းစားရသေးသည် တော်ကြာ မေးလိုက်မှ သူကသိနေမှဖြင့် အာ ကိစ္စ​မရှိပါဘူး သဲလွန်စလေးလောက်ပဲမေးမှာပါ

"ငါလေ မောင့်ကို ညကတစ်ခုခုပြောသေးလား ဥပမာ မဖြစ်နိုင်တာတွေပေါ့"

ပြောလိုက်တော့ မျက်ခုံးလေးပင့်လာကာ စဥ်းစားဟန်ပြုနေသည် ဒီလောက်စဥ်းစားနေပုံထောက်ရင်တော့ ...

"အင်းပြောတယ် မဖြစ်နိုင်တာတွေတော့မဟုတ်ဘူး"..

မောင့်ရဲ့ခပ်တည်တည်အပြောကြောင့် ဆူးလန့်ရပါသည် ဒီလိုပဲ မောင်ကဆူးလန့်အောင် သိပ်လုပ်တာ

"ဘာ..ဘာ ​​တွေပြောတာလဲဟင် မဖြစ်နိုင်တာမဟုတ်ဘူးဆိုတော့"

"ဆူး မောင့်ကိုသိပ်ချစ်တဲ့အကြောင်းတွေပေါ့ တစ်ညလုံးမောင့်ကို ချွဲပြီးငိုနေတာ"

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now