Part 3

4.7K 153 2
                                    

Part 3

"ပြောလေ ဆူးရဲ့ "

မောင့်ရဲ့ အသံကြောင့်ဆူးရဲ့ အာရုံတို့လက်ရှိကိုပြန်ရောက်လာခဲ့သည်

"ဘာမှမဟုတ်တော့ဘူး"
စကားစကိုဖြတ်လိုက်သူ​ကြောင့် ဇုဏ်းလည်းထပ်မေးမနေတော့ပါ ပြောချင်ရင် မေးနေစရာမလိုဘူးမလားး
ဇုဏ်း ဆူးရဲ့ပုံစံလေးကို အသည်းယားလာတာကြောင့် ငုံ့နမ်းရန်ပြင်လိုက်သည် သို့သော်ငြားမျက်နှာလွှဲသွားသည့် မောင်ရဲ့ဆူး

"Sorry မောင် ငါမျက်နှာမသစ်ရသေးလို့"

ဇုဏ်းရဲ့ ပျက်ယွင်းသွားတဲ့မျက်နှာကို ဆူးကသတိထားမိသွားပုံရပြီး ဖြေရှင်းချက်တစ်ခုပေးလာသည်

"ရတယ် ဘာမှမဖြစ်ဘူး ဆူးမျက်နှာသစ်မှာဆို သွားလေ မောင်လိုက်လာခဲ့မယ်"

"အင်း"

အလျင်အမြန်ပင်အိပ်ယာမှထကာ အခန်းပြင်သို့ထွက်သွားတဲ့ ဆူးက နိုးလာရင် အာဘွားတောင်းတတ်တဲ့ ကလေးငယ်လေး မဟုတ်တော့ဘူးပဲ

"ဆူးမသစ်နှင့်နဲ့နော် မောင်လာပြီ"

တစ်စုံတစ်ခုကို သတိရသွားတာကြောင့် အော်ကာ အလျင်အမြန်ပင် အပေါ်သို့ပြေးတက်ရသည် ထင်သည့်အတိုင်းပါပင် ဆူးက မျက်နှာသစ်နှင့်နေပြီ

"ဆူး ရေမြန်မြန်ဆေးချလိုက်တော့ မျက်နှာသစ်ဆေးက Date အောက်နေပြီ "

"ဘာ!

အော်ပြီး မျက်နှာကို ရေမြန်မြန်ဆေးချလိုက်သောဆူး

"မောင်ရာ ဒိတ်အောက်နေရင် မင်းဘာလို့လွှင့်မပစ်တာလဲ ပြီးတော့ဒါက အသစ်ကြီးမလား"

"အင်း မောင်လည်းဝယ်လာပြီး မျက်နှာသစ်မလို့လုပ်မှတွေ့တာ "

"မောင် ဘယ်ကနေဝယ်လာတာလဲ"

"Mall တစ်ခုကပါပဲ မောင်လည်းမမှတ်မိတော့ဘူး"

"မောင်ရာ သေချာကြည့်ပြီးဝယ်မှကို... မဟုတ်ရင်လည်းတစ်ခါတည်းလွှင့်လိုက်ပါလား"

မျက်နှာပုတ်ပုတ်လေးနှင့်ပြောနေသည်ဆူးက ကလေးဆန်မှု အငွေ့အသက်လေးတွေ သက်ဝင်နေသည်

"မောင့်ဆူး ကဒေါသကြီးလိုက်တာ မျက်နှာသစ်ဆေးတစ်ခုနဲ့ ဘာမှတော့မဖြစ်တန်​ကောင်းပါရဲ့"

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now