Part 7
"မောင်~ဘာလုပ်နေတာလဲ"
နောက်မှအသံကြားတာကြောင့် ဇုဏ်းလှည့်ကြည့်တော့ သူ့ရဲ့ဆူးလေးပင်...
အိပ်မှုန်မပြယ်သေးလို့ ထင်ပါရဲ့ မပွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံးလေးတွေကို လက်ဖြင့်ပွတ်လို့"တအား ပွတ်မနေနဲ့ ဆူး မျက်ဆံတွေထိမယ် "
ပြောကာမှ လက်လေးနှစ်ဖက်ကိုပြန်ချပြီး ဇုဏ်းထံလျှောက်လာလေသည်
"မောင်~မင်းညကြီးဘာထလုပ်နေတာလဲ အခုကရော ဘယ်အချိန်ရှိပြီလဲ"
ဆူးရဲ့အမေးကြောင့် လက်ကောက်ဝတ်မှနာရီအားတစ်ချက်ကြည့်လိုက်ပြီး
"မနက်တစ်နာရီကျော်နေပြီ မောင်အာခေါင်ခြောက်လို့ ကော်ဖီသောက်နေတာ"
"ညကြီး ကော်ဖီသောက်တာမကောင်းဘူး "
"မောင်သိပါတယ် ဆူးပြန်သွားအိပ်တော့လေ မောင်လိုက်လာခဲ့မယ်"
"မောင်~ "
"အင်းးး"
ညုတုတုသံရှည်ကြီးဆွဲပြီး မောင့်အားနောက်ကျောမှဖက်တွယ်ထားလိုက်သည်
"ငါမင်းကို အကြာကြီးဖက်ထားချင်တယ်
တကယ်အကြာကြီး "ငါပြောင်းလဲသွားတာ အမှန်လားသိချင်တယ်မောင် ငါမောင့်ကိုချစ်နေသေးတယ် ထင်ပါတယ် တစ်ခါတလေစိတ်ပျက်မိတာလေးကလွဲလို့ပေါ့
မောင့်ဆီက ပြန်ဖြေသံမကြားရဘဲ သက်ပြင်းချသံကိုသာကြားရသည် ဆူးမောင့်ကို ဖက်ထားတဲ့ လက်တွေကိုရုတ်သိမ်းလိုက်ပြီး ကော်ဖီခွက်ကိုင်ထားတဲ့ဘက် မောင့်ရဲ့လက်ကောက်ဝတ်လေးရှိ လက်ပတ်လေးကို ညင်ညင်သာသာလေးထိတွေ့ကြည့်လိုက်သည်
"မောင် ဒါက ငါတို့ ပထမဆုံးတွဲခဲ့တဲ့နေ့တုန်းက အမှတ်တရနေ နဲ့ ငါပေးခဲ့တာမလား ဒါကပျက်စီးနေပြီ အရောင်တောင်မမြင်ရတော့ဘူး နာရီကလည်း အတော့်ကိုဟောင်းနေပြီ"
ဆူး အဲတုန်းကမောင့်ကိုပေးခဲ့တာ တန်ဖိုးကြီးအရာများမဟုတ်ခဲ့ပါ ရိုးရိုးရှင်းရှင်း ချည်လက်ပတ်လေးတစ်ခုနှင့် နာရီတစ်ခုပါပဲ...
ဒါကိုမောင်က အခုထိဆင်ထားတုန်းပင် ဆူးကတော့မောင်ပေးခဲ့တဲ့ ထီးလေးကို တစ်ပါတ်ပင်မကြာ ပျောက်သွားသည် ..
YOU ARE READING
ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင္ဘတ္ႏြံမွာ ကြၽံတဲ့ဆူး~)
Romanceဆူး.... နစ်ဝင်အောင်စူး ရူးလောက်အောင်မူး...