Part 10

3.8K 155 5
                                    

Part 10

ဆူး မျက်နှာပေါ်စူးကျလာသော နေရောင်ကြောင့် အိပ်မရတော့ဘဲ လူးလွန့်နေသည် ထိုးကိုက်လာသောခေါင်းကြောင့် လက်နှစ်ဖက်နှင့်ခေါင်းကို ဖိကာ ထထိုင်လိုက်သည် ဖွင့်မရသေးသည့် မျက်လုံးတို့်အားအတင်းဖွင့်ကာ ဘေးပတ်လည်ကို ကြည့်လိုက်သည် ရင်းနှီးနေတဲ့ ပတ်ဝန်းကျင်နှင့် အသုံးအဆောင်တွေကိုမြင်လိုက်ရတော့.. ကိုယ့်အိမ်ကိုပြန်ရောက်နေမှန်း သိလိုက်ရပါသည် တော်ပါသေးတယ်

"What the f*ck ဘယ်သူလဲ"

အခုမှစိတ်အေးတုန်းရှိသေး ဘေးတွင် လူတစ်ယောက်ကို မြင်လိုက်ရသည်ကြောင့် အော်မိသွားသည်

"ဆူး ဘာတွေဖြစ်နေတာလဲ ကိုယ်ညတုန်းကလဲ မအိပ်ရသေးဘူး တစ်ညလုံးပင်ပန်းထားရတာ"

ပြောလာသူက စောင်ကိုဖယ်လိုက်သည် ထိုအခါ မြင်လိုက်ရသည့် မျက်နှာက

"ကိုတည်!!!

ဆူး တစ်ကိုယ်လုံး​တောင့်ခဲသွား​ပြီးခန္ဓာကိုယ်​ အတွင်းရှိသွေးများအားလုံးပြောင်းပြန်စီးဆင်း သွားသကဲ့သို့ ခံစားလိုက်ရသည်....
ဘုရားရေ ဘာတွေဖြစ်ကုန်ပြီလဲ..

"ဆူး ဘာတွေဖြစ်နေတာလဲ မသိချင်ယောင်ဆောင်မလို့စဥ်းစားနေတာလား"

ပြီတီတီပြောလာသော ကိုတည်သည် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြောမပြသေးပေမယ့် နှစ်ယောက်စလုံးရဲ့ပုံစံ ဆူးခန့်မှန်းမိပါသည် အခု ဆူးရော ကိုတည်ရောက အပေါ်ပိုင်း ဗလာကျင်းနေသည် ဆူးကတော့အောက်ပိုင်းတွင် အဝတ်ပါနေပေမယ့် ကိုတည်ကတော့ ခါးမှစောင်နဲ့ အုပ်ထားတာကြောင့် ခန့်မှန်း၍မရ ထို့အပြင် ပိုဆိုးသည်က..ကိုတည်ရဲ့ ရင်ဘတ်မှာ ခြစ်ရာတွေ...

"ကိုတည် အခု..အခု ဘာ.ဘာတွေဖြစ်ကုန်တာလဲ ညကဘယ်လိုတွေဖြစ်ခဲ့တာလဲ ဆူးးဆူးးဘာတွေလုပ်မိနေတာလဲ"!!

ဆူးအော်ပြောလိုက်တော့ ကိုတည်က လက်ဖြင့် နားကိုက​​လော်ဟန်ပြူပြီး လှောင်သလိုလေးရီနေသည်

"ဆူးရာ အသံကပြင်းလိုက်တာ ညကအော်ထားတာ အသံမဝင်သေးဘူးလား"

"ကိုတည် ကိုတည် ဘာတွေပြောနေတာလဲ ကျွန်တော်တို့ဘာတွေဖြစ်ခဲ့တာလဲ"

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now