Part 23

3.1K 117 7
                                    

Part 23

"ဒါဆို ဦးက သားကိုယူမှာလား"

အသက် ငါးနှစ်အရွယ် ကလေးလေးရဲ့ မပီကလာ စကားလေးကြောင့် ဇုဏ်းမှင်သက်မိသွားသည်

"ဟာ..​ဒေးဗစ်လေး လျှောက်မပြောရဘူးလေ သားကငယ်သေးတယ် နော်.. "

"ဒါဆို ​ကြီးလာရင်တော့ယူမယ်ပေါ့"

ဒီကလေး ကတကယ်အတတ်လေး...

"တော်ပြီ..လူကြီးကိုမနောက်ရဘူး သွား..မေမေစောင့်နေရမယ် မေမေ စိတ်ဆိုးရင် ဦးကူမပြောပေးဘူးနော်"

"ဟုတ်..ကဲ့..ပါ"

ဆူးပုတ်ပုတ်လေးပြောကာ ထွက်သွားသည့် ကလေးငယ်အားကြည့်ရင်း ဇုဏ်းပြုံးမိပါသည် ဒါလေးတွေက ဇုဏ်းရဲ့ တွယ်တာရာအသစ်လေးတွေ...
ဇုဏ်းက လွန်ခဲ့တဲ့ လေးလလောက်ကတည်းက ဒီမြို့လေးမှာအ​ခြေချနေခဲ့သည်..
ချင်းပြည်နယ်က ကန်ပက်လက်မြို့ ဆိုတဲ့တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည်...တာဝန်ကျရာနေရာလေးကို ပြောင်းရွှေ့ခဲ့ရပေမယ့် ထင်ထားသလိုတော့ အဆင်မပြေမဖြစ်ခဲ့ပါပေ တစ်စုံတစ်ယောက်ကို မေ့မရခဲ့​ခြင်းမှလွဲ၍...
ရှုခင်းတွေလှတယ်..စိမ်းလန်းစိုပြေတယ်..ဒါပေမယ့် မင်းဆိုတဲ့ အရိပ်လေးလောက် မအေးမြခဲ့ဘူး...တိုက်ဆိုင်မှုတွေရှိတိုင်း မင်းကိုသတိရနေတုန်းပဲ..မဟုတ်ဘူး..တိုက်ဆိုင်အောင် ကိုယ်ကမှ ဖန်တီးချင်နေခဲ့တာဆိုရင် ပိုမှန်နေလိမ့်မလား...သတိရပါတယ်.. မင်းလေးအဆင်ပြေနေရဲ့လား..ဒီလိုတွေ ရွေးချယ်ခဲ့ပြီးမှ မင်းမပျော်နေရင် ကိုယ်တော့ သိပ်နာကျင်ရတော့မှာ...

"ကိုဇုဏ်း "

အတွေးတို့ လွန်နေခိုက် ကြားလိုက်ရသည့် အသံကြောင့် ဇုဏ်းလှည့်ကြည့်လိုက်သည် အပြုံးချိုချိုလေးနဲ့ ရပ်နေသူကတော့

"ညီ ဘယ်လိုရောက်လာတာလဲ "

"ဒေးလေး လွှတ်လိုက်တာ ကိုဇုဏ်း ဝမ်းနည်းနေတယ်လို့လည်း ဒေးကပြောနေတာ"

ဒေးဗစ်လေးနဲ့တော့ဟုတ်နေပါပြီ ငယ်သေးလို့သာပဲ သိပ်ကိုစကားတတ်နေပြီ

"ကိုယ် ဝမ်းနည်းမနေပါဘူး"

"အင်းပါ"

"ကိုယ် ညီ့ကိုအရမ်းကျေးဇူးတင်တယ် ကိုယ့်အတွက် အလုပ်မှာရော လူမှုရေးမှာပါ ကူညီပေးခဲ့တာတွေအတွက်"

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now