Part 19

3.6K 151 12
                                    

Part 19

Unicode...

ဆူး ကိုတည်ဆီသွားမယ်လို့ထွက်ခဲ့ပေမယ့် ကိုတည်ကမအားတာကြောင့် ဆူးအပြင်မှာသာလျှောက်လည်နေလိုက်သည် မောင့်အကြောင်းတွေတွေးရင်း မောင့်ကိုသနားရပြန်တယ် ​​မောင် ငါမင်းကိုသိပ်ချစ်တယ် တစ်ခါတစ်လေမှာ မင်းအတွက်စကားလုံးတွေရှာရခက်သလို ငါ့ရင်ထဲက စကားလုံးတွေကို မင်းသိဖို့ ပြီးပြည့်စုံတဲ့ စကားလုံးဖန်တီးရတာလဲ ခက်လွန်းတယ်မောင်..... ငါမင်းကိုဘယ်လိုရင်ဆိုင်ရပါ့မလဲ...

ဇုဏ်း မိုးမြေတည် နဲ့တွေ့ဖို့ပြောထားတာကြောင့် ေတွ့မည့်နေရာကိုအရင်ရောက်အောင်လာထားနှင့်လိုက်သည် စိတ်ထဲကစကားလုံးပေါင်း သောင်းခြောက်ထောင်ကို အစီအစဥ်တကျဘယ်လိုပြောရမလဲ တွေးနေဖို့ပေါ့

"ဆူးးးမောင်ဆူးကို လက်မလွှတ်နိုင်ဘူး "

အတွေးများစွာနဲ့သံသရာလည်နေတုန်း မိုးမြေတည်ရောက်လာသည်

"ပြောစရာရှိနေပုံပဲ"

"ကျွန်တော်လိုရင်းပဲပြောပါ့မယ် မေးချင်တာလေးရှိလို့"

"မေးပေါ့"

"ဆူးနဲ့ အစ်ကိုမိုးမြေတည် ဘယ်လိုပါတ်သက်နေတာလဲ "

ပြုံးလျက်ပင်နေသည့် မိုးမြေတည်က ယုံကြည်မှုအပြည့်နဲ့မို့ ဇုဏ်းအားငယ်ရပါသည်

"သူမပြောပြသေးဘူးလား ကိုယ်ပြောလို့မင်းကယုံမှာလား"

"ဆူးပြောသလိုအမှန်ပဲလား"

"ဆူးက ကိုယ့်ကိုရွေးချယ်လိုက်တာလို့ သိထားရင်တော့ ဒါမှန်တယ်"

ဇုဏ်းဒေါသတို့ထွက်သွားရသည် ဆူးကအိမ်ထောင်သည်တစ်ယောက်ဆိုတာသူသိနေရက်နဲ့
တကယ်ဆို သူကတောင်ဆူးကိုလမ်းပြပေးရမှာ အခုကအသက်ကြီး ပညာကြီးတဲ့လူတစ်ယောက်ဖြစ်နေပါလျက်နဲ့ သူကိုယ်တိုင်ကိုက ကာမေသုကံကို ကျူးလွန်နေတယ်...

"ခင်များဘယ်လိုတောင်ပြောထွက်ရတာလဲ ဆူးမှာကျွန်တော်ရှိနေတာခင်များသိနေတာပဲ ခင်များမို့လို့"

"ဟက်...ကိုယ်ကဆူးကိုချစ်လို့ ဒါကြောင့် မင်းဆိုတဲ့အရိပ်ဆိုးဆီကနေ ဆွဲထုတ်ပေးနေတာ"

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now