Part-8

2.4K 203 22
                                    

တီချယ်နဲ့ အတူတူ...
ခရီးတိုလေး တစ်ခု ထွက်ဖြစ်ကြတယ်....
ပြည်နယ်အားကစားပွဲတစ်ခုမှာ...
မြတို့အတန်းက...စစ်တုရင် ပထမရတာနဲ့....
ချောင်းသာ ဘက်ကို...ခရီးသွားခွင့်ရတယ်...
နေ့ချင်းပြန်ဆိုပေမဲ့...မြတို့ မြို့နဲ့ နီးတော့...
ခဏလေးပါပဲ....

2.10.2018(Tuesday)

မြတို့ ကားသုံးစီး သွားကြတယ်...
Express ကားတော့ မဟုတ်ပါ...
စက်မှုဇုန်ကားလိုမျိုးလေးနဲ့....
တစ်ကားမှာ ဆရာမ နှစ်ယောက်ထိန်းရတယ်...
ကျောင်းသူကားက တစ်စီး...
ကျောင်းသားကားက နှစ်စီး..
အရမ်းဆိုးတဲ့ ဆရာမတွေက ယောကျာ်းလေးတွေကို
ထိန်းရတယ်....
တီချယ်မိုးနဲ့ တီချယ်နှင်းကတော့...
မြတို့ ကားကို ထိန်းရတယ်....
အစက မြတို့ကားမှာ လိုက်မဲ့ ဆရာမက
တီချယ်တို့မှန်း မြ မသိပါ...
မြ အလယ်မှာ ထိုင်ရတာ မကြိုက်တာနဲ့....
ကားအနောက် ထောင့်စွန်းမှာ သွားထိုင်ခဲ့တယ်....

"မြယဉ်ကျေး..."

"အမလေး ဗုဒ္ဓေါ.."

"လန့်မနေနဲ့...ဟိုဘက်တိုး..."

"ဟုတ်ကဲ့..."

ဆရာမတွေက ကလေးတွေ ‌ပြုတ်ကျမှာစိုးလို့...
အနောက်မှာပဲ ထိုင်ကြတယ်....

မြ ဘေးနားမှာ တီချယ်နှင်းထိုင်ပြီး...
မြအရှေ့တည့်တည့်မှာ...တီချယ်မိုးထိုင်တယ်....
ဖျာပေါ်မှာပဲ တင်ပလင်ခွေ ထိုင်ရသည်ဆိုတော့...
တီချယ်မိုး ခြေထောက်က မြ ပေါင်ပေါ် လာဖိထားသေးသည်.....
မြမှာ ရင်တွေ ခုန် လွန်းလို့....
ဒီနေရာကနေ...ထွက်ပြေးလိုက်ချင်မိတယ်....

"သမီးတို့...သီချင်းနားထောင်ကြမလား..."

"ဟုတ် တီချယ် နားထောင်မယ်..."

"တီချယ် Bluetooth box သယ်ခဲ့တယ်...
သီချင်းဖွင့်ပေးမယ်နော်...."

"ရေးးးး"

တီချယ်က သီချင်းနားထောင်ရတာ အရမ်းကြိုက်တယ်တဲ့....
စိုင်းထီဆိုင်းဆို...တီချယ်ရဲ့ fav singerပေါ့...
မြလည်း အရမ်း ကြိုက်တယ်....
တီချယ် ကြိုက်တယ်လို့‌ ပြောတဲ့ နေ့တည်းက...
မြ အမြဲ နားထောင်ဖြစ်ခဲ့တာလေ...

"ဟိတ်..."

"ရှင်..."

"ဖုန်းမှာ သီချင်းရှိလား...
တီချယ့် ဖုန်းမှာက အခု ခေတ် သီချင်း မရှိလို့...
အကုန်လုံး အိပ်ပျော်ကုန်လိမ့်မယ်..."

နှင်းဆီရဲ့ အမုန်းတော်ခံWhere stories live. Discover now