Part-14

2.4K 203 37
                                    

မြရဲ့ နေ့ရက်တိုင်းမှာ တီချယ်က မပါ မဖြစ်ပေါ့....
မြရဲ့ အတွေးတွေ ထဲမှာလည်း ကြီးစိုးနိုင်ဆုံးက
တီချယ်.....
10ကျော်သက် ကျောင်းသူ တစ်ယောက်ရဲ့
ရင်ခုန်မှုလေး စတင်ခဲ့တာက ကျောင်းသားလေး
တစ်ယောက် အပေါ် မဟုတ်ဘဲ ဆရာမ တစ်ယောက်အပေါ် ဖြစ်နေခဲ့ရတယ်လေ....
မြတို့က တကယ့်ကို ထူးဆန်းတဲ့ နှလုံးသား
ပိုင်ဆိုင်ခဲ့ရတဲ့သူတွေပါ...

21.10.2019 (Monday)

အချိန်တွေ ကုန်တာ အရမ်းမြန်ခဲ့ပြီ....
ဒီနေ့ဆို တီချယ့်ရဲ့ အသက်30ပြည့် မွေးနေ့ကို ရောက်ပြန်ပြီပေါ့....
နောက် နှစ် မွေးနေ့တွေ မှာလည်း တီချယ့်ကို အဖော်ပြုပေးချင်သေးသည်....
ဖြစ်နိုင်ရင်...မြ အသက်ရှင်နေသ၍ တီချယ့်ကို
အဝေးကနေ ငေးကြည့်နေချင်သေးသည်....
ကျောင်းသား ကျောင်းသူ တွေ နဲ့ ပျော်ပျော်ရွှင်ရွှင်
ကိတ်မုန့် လှီးနေတဲ့ တီချယ့်ကို မြင်တွေ့လိုက်ရတော့..
မြ အလိုလို ပြုံးမိတယ်....
တီချယ့်မျက်နှာက အပြုံးဟာ....မြအတွက် အားဆေးတစ်ခွက်ပေါ့....
တီချယ် ပြုံးပျော်နေတာလေး မြင်ရရုံနဲ့တင်...
အရမ်း အပျော်လွန်မိတာမျိုးပေါ့.....
ဒါပေမဲ့လေ....မြက အတ္တ သိပ်ကြီးတာ....
သဝန်တို တယ်ပဲပြောရမလား....မနာလိုတယ်ပဲပြောရမလား....တီချယ့်ဘေးက...ကပ်ဖား‌နေတဲ့ကျောင်းသား ကျောင်းသူတွေကိုတော့
နည်းနည်းလေးမှ ကြည့်လို့ မရနေပေ....

မွေးနေ့လက်ဆောင်တောင် တီချယ့်အတွက်
ကိုယ်တိုင် သွားမပေးဖြစ်ခဲ့ဘူး....
တီချယ့် ဆိုင်ကယ် ခြင်းထဲ မှာပဲ
ထည့်ပေးဖြစ်ခဲ့တယ်လေ....
မြ သွားမှ တလွဲ တွေ ဖြစ်သွားရင် တီချယ်...
စိတ် ညစ်သွားမှာကို ကြောက်မိတယ်....
မြက အရမ်းကို overthinking ဖြစ်လွန်းသည်....
ဒါဟာလည်း တီချယ်နဲ့ ပတ်သက်ရင်
အရမ်း အစွန်းရောက်လွန်းတာပေါ့လေ.....

တီချယ်ကလေ....သိပ်ကို ကြိုးစားတဲ့လူမျိုးပေါ့....
ကျောင်းမှာ တင်ဘယ်ကမလဲ....
ကျူရှင်တွေလည်း သင်တယ်....
စာသင်ဝိုင်းတွေမှာလည်း...ဘာသာပြဆရာမ
လုပ်တယ်....by 1 guideလည်း လုပ်သေးတယ်....
တီချယ့်ရဲ့ အချိန်တိုင်းက စာသင်ချိန်တွေ
အပြည့်ပေါ့...
တီချယ့်ရဲ့ ရည်မှန်းချက်ကလည်း ကိုယ်ပိုင်အဆောင် ဖွင့်ပြီး စာသင်ချင်တာတဲ့လေ.....
အခုခေတ်ကလည်း...အဆောင်တွေ စာသင်ဝိုင်းတွေ
အရမ်းခေတ်စားနေတာဆိုတော့....
အရမ်းအဆင်ပြေတာလေ...
ဒါပေမဲ့ တီချယ် အများကြီး ကြိုးစား ရအုံးမှာ...
ဒါကြောင့် တီချယ့်ကိုဆို အရင်တစ်ခါ မွေးနေ့
ဖိတ်ပြီးကတည်းက ထပ်ပြီး မဖိတ် ဖြစ်တော့တာ...
မြ ဖိတ်ရင်လည်း တီချယ်က လာနိုင်မှာ
မဟုတ်ဘူးလေ....တီချယ် ‌ငြင်းနေရရင်...
စိတ်မကောင်း ဖြစ်မှာ ကြောက်လို့ပါ.....

နှင်းဆီရဲ့ အမုန်းတော်ခံWhere stories live. Discover now