Part-10

2.5K 216 39
                                    

မြ မနေနိုင် မထိုင်နိုင်ပဲ....တီချယ့်အကောင့်ကို သွားအပ်ဖြစ်တယ်....၂ရက် ၃ရက်လောက် ကြာသည်အထိ....တီချယ်က လက်မခံချေ.....
မြ မှာလည်း တီချယ်လက်မခံ မချင်း....
Add friend ပြန်ဖြုတ်လိုက်...
ပြန်တပ်လိုက်နှင့်.....အခါ ၂၀လောက် လုပ်ပြီးမှ....

"Rose accepted your friend request."

အိုး....မြ အတိုင်းမသိ ပျော်လွန်းလို့....
ထခုန်နေမိသည်....
တီချယ့်အကောင့်ထဲမှာ ကျောင်းသား..
ကျောင်းသူတွေတော့မရှိ...အများဆုံးက...
ဆရာမတွေသာ....

တီချယ် နောက်ဆုံးတင်ထားတာက....
မြတို့ချောင်းသာသွားသည့်နေ့က အုပ်စုလိုက်ပုံ....
Tagတွဲထားသည်မှာလည်း....
မြတို့ အတန်းဝင်သည့်ဆရာမများ အားလုံး၏
အကောင့်များသာ.....
ဆရာမတွေ အကောင့်ကို...ဒီတိုင်း
ဝင်ကြည့်လိုက်ပေမဲ့.....မသိစိတ်က...
"Moe Yati Khin"အကောင့်လေးကို အပ်မိသည်...
၅မိနစ် မကြာပါဘူး....ပြန်လက်ခံပေးလေသည်....

"ကတင်း..."

စာ တစ်ဆောင်ဝင်လာသည်....
မထင်မှတ်ထားတဲ့ သူဆီက စာ တစ်စောင်.....

"စာ မလုပ်ဘဲ ဖုန်းသုံးနေတာလား...."

တီချယ်နှင်းက မြကို စာ အရင် ပို့သည်တဲ့လား....
‌မြ အရမ်းပျော်သည်...
စာပြန်ဖို့တောင်...ရင်တွေ တုန်နေတာ....

"ဟီး...ဖုန်းနဲ့ စာလုပ်နေတာလေ တီချယ်...."

"အမလေး...တိုးတက်အုံးမယ်..."

"ဟားဟား...
တီချယ် ထမင်း စားပြီးပြီလား..."

"စားပြီးပါပြီရှင်..."

"ဟုတ်ကဲ့..."

"မွေးနေ့လက်ဆောင် အတွက် ကျေးဇူးပဲနော်..သမီး"

"ဟုတ်ကဲ့ တီချယ်...
တီချယ် ရွာမှာလား..."

"ဟုတ်တယ် သမီး
တီချယ် ကျောင်းပိတ်ရက် အိမ်ပြန်ဖြစ်တယ်...
မေမေနဲ့လည်း အဖော် ရအောင်ပေါ့..."

"တီချယ် ‌ဟိုမှာ ပျော်စရာကြီးလား..."

"အင်း ပျော်စရာရယ်လို့တော့ မဟုတ်ပါဘူး..
အရေးကြီးတာက ကိုယ့်စိတ်ပဲလေ...
ကိုယ်ပျော်အောင် နေတတ်ရင်...ပျော်ရတာပေါ့..."

"သမီးတော့ မပျော်ဘူး သိလား...
ကျောင်းပိတ်တော့ တီချယ်နဲ့မှ မတွေ့ရတာ..."

နှင်းဆီရဲ့ အမုန်းတော်ခံWhere stories live. Discover now