Part-17

2.4K 199 34
                                    

"တီချယ်...မြကို ပြောစရာ မရှိဘူးလား ဟင်"

"..."

"ဟုတ်သားပဲလေ...
တီချယ့်မှာတော့ ဘယ်ပြောစရာရှိပါ့မလဲ..."

"..."

"မြကို ကြည့်ပါအုံး တီချယ်ရဲ့...
ဘာတွေပြောင်းလဲ သွားလဲ လို့...."

"အရင်တိုင်းလေးပဲနော်...
ပြောပုံဆိုပုံတွေ အကြည့်တွေက အစ..."

"တီချယ် ဘာပြောချင်တာလဲ.."

"အော်...အရင်တိုင်းပဲလို့ တီချယ့် အပေါ် ကြည့်တဲ့ အကြည့်တွေက အခုထိ မရိုးသားသေးလို့..."

"တီချယ်ရယ်...သမီး ရိုးသားချင်ပါတယ်...
ဒါပေမဲ့လေ...နှလုံးသားကတော့ ရိုးသားခွင့်‌
မပေးဘူး...ဒါဟာ ၀ဋ်ကြွေး ဆိုရင်တောင်...
တီချယ့်အတွက်မို့ သမီး ကျေနပ်ပါတယ်..."

"ဟက်...ဘယ်နှယ့် တို့အတွက်တုန်း..."

"လှောင်ပါ တီချယ်ရဲ့...
အဲ့ ထပ်ပိုလှောင် လိုက် သမီး အချစ်တွေကို..."

"မလှောင်ပါဘူး...
တို့က မြ ရင့်ကျက်နေလောက်ပြီ ထင်နေတာ...
အခု ထိ မရင့်ကျက်သေးဘူးပဲ...
အရင်လို ကလေး ကုလား ..
ပေါကြောင်ကြောင်တွေ လုပ်တုန်းပဲနော်..."

"ဘာကိုလဲ တီချယ်..."

"အော်....လည်ပင်း ပေါ်က...
H.T.T.H ဆိုတဲ့ တက်တူးလေ...."

"တီချယ် မြင်သားပဲ နော်..."

"တို့ ဆရာမပဲကွယ်....
ဒီလောက်တော့ မြင် ပါတယ်..."

"ဒီလောက် မြင်နိုင်ရင်လည်း...
သမီးရဲ့ အချစ်တွေကိုပါ...‌မြင်ပေးပါတော့
တီချယ်ရယ်..."

"ဒီနေ့ မမိုး လာမယ်ပြောတယ်...
ဂိတ်ပေါက် ရောက်နေပြီ တဲ့...သွားရအောင်...."

"တီချယ်...အော်...တော်တော်ခက်ပါလား..."

'အချစ်'ဆိုတဲ့ အရာက...
တီချယ် မမြင်နိုင်လောက်အောငါ...
သေးငယ်လွန်းနေလို့လား...
အလွန်ကြီးမားနေလို့လားတော့ မသိဘူး....

"မြယဉ်ကျေး...
အမတော်...ရှင့်မျက်နှာ ဒီဘက် လှည့်ပါအုံး...
ကျွန်မ ‌ဖူး‌မြော်ချင်လွန်းလို့..."

"ဟီး...မဂ်လာပါ တီချယ်..."

"မြ!!"

"ရှင်...တီချယ်မိုး..."

နှင်းဆီရဲ့ အမုန်းတော်ခံWhere stories live. Discover now