Part-18 Final

5.1K 189 52
                                    

"တီချယ်...တီချယ်လို့....
တီချယ်ဒေါ်မိုးရတီခင်ရေ.....လို့...."

"ဘာတုန်း...ဘာတုန်း...."

"တီချယ် ဘာဖြစ်တာလဲ...."

"ဘာမှ မဖြစ်ဘူး...."

"အမ်း ဟုတ်လို့လား....
တီချယ့်ကို ကြည့်ရတာ မြကို စစ်ပိုင် နဲ့
သဝန်တိုနေသလိုပဲ...."

"အပို မပြောနဲ့ ....တိုစရာလား...."

"ဟုတ်လို့လား...."

"ဒီမှာ....မြ...."

"ရှင်....ပြောပါရှင့်..."

"မင်းဘာသာ မင်း ထင်ချင်သလို ထင်....
သေချာတာတော့.....တို့ဘက်က
အဖြူရောင်သံဃောဇဉ်ပဲရှိတယ်...."

"မြတော့ တီချယ့် အပေါ် ထားတဲ့
သံဃောဇဉ်တွေကို...  အရောင်ဆိုးလိုက်ပြီ
ဆိုရင်ရော"

"ဟက်....မင်းတို့ အရွယ်တွေက သိပ်ကြောက်ဖို့ကောင်းတာပဲ....တက်လည်း တက်နိုင်တယ်နော်...
ဟိုလူ့ကိုချစ်လိုက်...ဒီလူ့ကို ချစ်လိုက်နဲ့....
ဘာလဲ...မင်းရဲ့ တီချယ်နှင်း
လက်ထပ်တော့မယ်ဆိုလို့...တို့ကို ပြောင်းကြိုက်လိုက်တယ်ဆိုတဲ့ သဘောလား...."

"ဟမ်း....တီ...တီချယ် ဘာပြော....လိုက်တာလဲ...."

"မင်း မကြားဘူးလား....
မင်းရဲ့ တီချယ်နှင်းက နောက်လ ဆို
လက်ထပ်တော့မှာလေ...."

"ဟုတ်...ဟုတ်လို့လား တီချယ်ရဲ့....
တ...တကယ်ကြီးလား...."

"အခုမှ မသိချင်ယောင် ဆောင်နေ....
မင်းလို...တယောက်မရ  တယောက် ပြောင်းကြိုက်တတ်တဲ့ လူမျိုးကို ငါက တသက်လုံး မရွေးချယ်ဘူး
ဆိုတာလည်း မှတ်ထား....."

ဘယ်လမ်းကို ဆက်လျှောက်ရမလဲ...
မြ မသိ....သေချာတာ‌ကတော့....
မြ သိပ်ချစ်ရသူက တီချယ်နှင်း တစ်ယောက်သာ....
သို့ပေမဲ့....တီချယ်မိုးကိုလည်း စိတ်မဆင်းရဲ
စေချင်ပါ....

ဒီကမ္ဘာ မြ သာ မရှိတော့ရင်....အရာအားလုံး...
အေး‌ချမ်းသွားတော့မည် ထင်သည်....

"တီချယ်နှင်း... မဂ်လာဆောင်ကို...ဘာကြောင့်
မြကို မဖိတ်ရတာလဲ..."

"မြ မင်းစိတ်ကို တို့သိတယ်....
တို့တောင်းပန်ပါတယ်...
တို့ချစ်ရတဲ့ သတိုးသားလောင်းလေးနဲ့တော့...
မဂ်လာပွဲကြီး မဖျက်ပါနဲ့...."

နှင်းဆီရဲ့ အမုန်းတော်ခံWhere stories live. Discover now