Part-9

2.4K 206 19
                                    

အရင်လို တီချယ်နဲ့ တွေ့ရင်...
သိပ်မကြောက်တော့ဘူး.....
တီချယ်လည်း သနားဖို့ကောင်းတဲ့ သူလေ....
သို့ပေမဲ့ မြ သနားတဲ့ အကြည့်နဲ့ မကြည့်ရဲပါ....
တီချယ်က...သူမကို သနားတဲ့ အကြည့်နဲ့ကြည့်ရင်...
သိပ်ရွံတယ်...သိပ်မုန်းတယ်တဲ့လေ...
မြ တီချယ့်ကို သနားသည်....
သို့သော်လည်း...မသနားရဲပါ....
တီချယ် မုန်းသွားမှာကို မြသိပ်ကြောက်ပါသည်....
တီချယ့်မှာ မောင်လေး တစ်ယောက်ရှိသည်တဲ့.....
အမေလည်း သက်ရှိထင်ရှား ရှိနေသေးသည်ဟု..
ပြောသည်.....
အဲ့ထက်ပိုပြီး...တီချယ့်အကြောင်း မသိခဲ့ရပါ....
တီချယ်က သိပ်ကို သိုဝှက်တတ်သည့်
အမျိုးသမီးရယ်ပါ.....
လဲကျချင်ရင်တောင်....တပည့်တွေ အရှေ့မှာ...
ဘယ်တော့ အခါမှ မလဲကျချင်ဘူးတဲ့လေ.....

4.10.2018(Thursday)

"ဒီနေ့ တီချယ် စိတ် အဆင်မပြေနေဘူးနော်...
မင်းတို့ အေးဆေး စာလိုက်ကြည့်ကြ...
မဟုတ်ရင်...ဒေါသတွေ မင်းတို့ အပေါ် ကျလာမယ်...
ကြားလား...."

"ဟုတ်ကဲ့ပါ...."

ဒီနေ့ တီချယ် အတန်းဝင်လာတည်းက....
ဒုန်း...ဒုန်း...ဒိုင်းဒိုင်း...နဲ့.....
မျက်စောင်းတွေကလည်း....‌ထိုးလိုက်တာမှ လွန်ရော
သက်ပြင်းတွေ ချလိုက်တာကလည်း....
လူတွေ အကုန် လေထဲ လွင့်တော့မည်.....
တီချယ် ဘာ ကိုဒေါသထွက်ပြီး...
စိတ်ညစ်နေလဲ...မြ မသိ...
သို့သော်...တီချယ့်ကို ပျော်စေချင်တာကိုတော့....
မြ ခေါင်းထဲမှာ သိနေသည်.....

တီချယ် မြကို ကြည့်တိုင်း မြ ပြုံးပြ မိသည်...
တီချယ်ကတော့ ခပ်တည်တည်....
မုန့်စား ကျောင်းဆင်းချိန်ရောက် တော့လည်း....
တီချယ် နားနေခန်း မပြန်....
စာရင်းများနဲ့ အလုပ်ရှုပ်နေသည်....
မြလည်း ထမင်းစားပြီး....အတန်းထဲမှာ
စာအုပ်ဖတ်နေသလိုလိုနှင့် တီချယ့်ကိုထိုင်ကြည့်ရတာ အမောပေါ့.....

"အားတဲ့ သမီးတွေ...တီချယ်နဲ့ ခဏလိုက်ခဲ့ကြပါအုံး.."

တီချယ့် အလှတွေ ကြည့်နေရင်း....
ကဗျာစာသားစီနေပြီဆိုတာနဲ့....အဖျက်ကစပြီ....
တီချယ်မီက ခိုင်းစရာရှိလို့ လာခေါ်သည်လေ...
မလိုက်ချင်သော်လည်း....

"မြယဉ်ကျေး...ဘာထိုင်လုပ်နေလဲ...
ငါကြည့်လိုက်တိုင်း အူကြောင်ကြောင်နဲ့....
လိုက်ခဲ့လေ...ခိုင်းစရာရှိလို့ပါဆို..."

နှင်းဆီရဲ့ အမုန်းတော်ခံWhere stories live. Discover now