ဘာလိုလိုနဲ့ကျောင်းတွေတောင် ပြန်ဖွင့်ပြီပေါ့...
မြလည်း 9တန်းရောက်ခဲ့ပြီ....
လွမ်းတယ်...လွမ်းတယ်...
ဒီကျောင်းတော်ကြီးကိုရော...ပဲ့ကိုင်ရှင် မြရဲ့ အမျိုးသမီးကိုရောပေါ့...
အို...မဟုတ်ပါဘူး...မြရဲ့ အမျိုးသမီး မဟုတ်ဘူး...
မြ ပိုင်ဆိုင်ခွင့် မရတဲ့...မြရဲ့ တီချယ်ပေါ့....
ကျောင်းသုံးလပိတ်တဲ့ အတောတွင်း...
မြ wattpad တွေ ဖတ်ဖြစ်သေးတယ်....
ဆရာမနဲ့ တပည့် ficတွေပေါ့....
ficတွေထဲမှာတော့...တော်တော်များများ...
ပေါင်းဖက်ရပါတယ်...ဒါပေမဲ့လေ...
မြရောက်နေတာ အပြင်လောကမို့....
စဉ်းစားကြည့်လိုက်တိုင်း...
ဆရာတပည့်စည်းကြီးကိုတော့....
ဘယ် ကျော်ဖြတ်နိုင်ပါ့မလဲနော်.....10.6.2019 (Monday)
ကျောင်း စတက် တည်းက...
တီချယ်နှင်းကို မတွေ့ရတဲ့ နေ့ တစ်ရက်မှ မရှိခဲ့ဘူး..
ကံတရားကြီးက တွေ့ဆုံခွင့် ပေးတာတော့ မဟုတ်ဘူး
'ကံ'ဆိုတာက...လူလုပ်မှ ဖြစ်တာတဲ့...
မြ ကိုယ်တိုင် ကြိုးစားလို့ကို တီချယ်နဲ့ တွေ့ခွင့်ရတာ
မြလေ...တီချယ့်ကို ဘယ်လောက် ရူးမူးသလဲဆို...
ကျောင်းဆိုလည်း အစောကြီးလာပြီး...ကွယ်ရာကနေ
တီချယ့်ကို ချောင်းကြည့် နေတာမျိုးပေါ့....
တီချယ်တို့ 8တန်းအဆောင်က ကုန်းဆင်း တစ်ခုကို
ဆင်းပြီးမှ ရောက်တာ...
အခုလို မနက် 8နာရီဆို တီချယ် ကျောင်း လာပြီပေါ့..
ဟော...တွေးရင်းနဲ့....လာနေပါပြီ...."တီချယ်..တီ..ချယ်.."
"အမယ်...ထူးထူးဆန်းဆန်း ပေါ်တော်မူလေး...
၈တန်းကိုဖြင့် တစ်ခါမှ ခြေဦိး မလှည့်လာဘူးနော်..""ဟို...မ..မဟုတ်ပါဘူး..."
"ပန်းနဲ့ လာချော့တာလား...
ပစ်ထားတုန်းကတော့ ပစ်ထားပြီးတော့များ...""ရှင်..ဟို..မ..မဟုတ်ပါဘူး..."
"ဘူး တစ်လုံးဆောင် အိုတောင် မဆင်းရဲဆိုလို့...
ဘူး ခံပြီး ပဲ ပိတ်ငြင်းနေသိလား...""ဟုတ်..."
"ဘာ ဟုတ် လဲ....
ရှင့်ကို ရွဲ့နေတာ...ရွဲ့နေတာ...""နှင်းရယ်...ကလေးကို..အဲ့လောက် မစပါနဲ့...
တော်ကြာ...နောက် ၈တန်းဆောင် ဘက် ခြေဦးတောင်လှည့်မလာဘဲ နေပါအုံးမယ်...."
YOU ARE READING
နှင်းဆီရဲ့ အမုန်းတော်ခံ
Romanceမြကတော့...အချစ်ဆိုတာကြီးကို... တီချယ်နဲ့ သိမှ အဓိပ္ပာယ်ဖွဲ့တတ်လာတယ်... အချစ်ဆိုတာမျိုးက...ရယူခြင်းပိုင်ဆိုင်ချင်းမှ မဟုတ်ပဲ ကိုယ်ချစ်နေတဲ့လူကိုပြုံးပျော်ရွှင်နိုင်အောင်လုပ်ပေးနိုင်တာလဲအချစ်ပဲ....