Part-12

2.4K 205 47
                                    

12.2.2019 (Thursday)

ဒီနေ့ကတော့ ပြည်ထောင်စုနေ့လေး....
ပြည်ထောင်စု အခမ်းအနားကို ဘင်ခရာ နဲ့ ဖွင့်ပေးရမည်လေ...ဒါကတော့ နှစ်စဉ် နှစ်တိုင်း အစဉ်အလာပဲပေါ့.....
မနက် 5နာရီ ကျောင်းအရောက် လာရသည်....

ဟော...တွေ့ပါပြီ...မြရဲ့ နတ်မိမယ်လေး နှစ်ယောက်..
တစ်ယောက်ကလည်း အဖြူဝမ်းဆက်လေးနဲ့...
တစ်ယောက်ကလည်း..အနီဝမ်းဆက်လေးနဲ့...
အလှချင်း ပြိုင်နေကြသလား အောက်မေ့ရသည်လေ....
အဖြူဝမ်းဆက်လေးနဲ့ တီချယ်မိုးကတော့...
အေးချမ်း လွန်းလှတဲ့ အသွင်ဆောင်သည်....
အနီ ဝမ်းဆက်လေးနဲ့ တီချယ်နှင်းကတော့.....
ရဲရင့် ပြတ်သားပြီး ထက်မြတ်လွန်းလှတဲ့ အမျိုးသမီး
သဏ္ဍာန်ပေါ့....

ထို အမျိုးသမီး နှစ်ယောက်ရဲ့ အလှတရားကို
ပိုလှသွားရအောင်တော့
မြရဲ့ လက်ထဲက ပန်းနှစ်ပွင့်က.....
ပြုံးပြနေကြသည်လေ....

"မြယဉ်ကျေး...မြယဉ်ကျေး..."

"ရှင်..."

"ပန်းက ပေးမှာလား
ကိုင်ထားဖို့လား..."

"ဟို...ပေး..ပေးဖို့ပါ...
တီချယ် မိုး တစ်ပွင့်...တီချယ် တစ်ပွင့်..."

"ကျေးဇူးတင်ပါတယ်ရှင့်..."

"ဟုတ်..."

ဟော...တီချယ်နှင်းတော့...လုပ်ပြန်ပြီ....
ကျေးဇူးတင်ကြောင်းကို...အပြစ်ကင်းစင်တဲ့....
အပြုံးတွေနဲ့... တယုတယ ပြော‌ပြန်သည်လေ...
မြ ရင်တွေတော့....ဒုန်းဒိုင်း...ဒုန်းဒိုင်းနှင့်.....

ဘင်ခရာမှာ တန်းစီပြန်တော့လည်း...
မြ အရပ်က အရှည်ဆုံး....
ဟိုး အနောက်တန်းဘက်ပဲ သွားစီရပြန်တယ်.....

"မြယဉ်ကျေး...အ ရှေ့ ကြည့်လေ...
ဘာလို့ အနောက်ပဲ လာ လာ ကြည့်နေလဲ..."

"ဟုတ်..."

"မမိုးရယ်
ပြောမနေပါနဲ့....သူက သူ့တီချယ်ကို အကြည့် မခွာနိုင်လို့နေမှာပေါ့...ဟုတ်တယ် မလား မြ..."

"ဟုတ်..."

"ဘာပြောတယ်..."

"အာ..ဟို..မ..မဟုတ်ပါဘူးတီချယ်..."

"မဟုတ်ဘူး ဆိုတော့...တို့က စိတ်ကောက်ရတော့မှာပေါ့..."

"ဟို..ဟုတ်...ဟုတ်..ဟုတ်ပါတယ်လို့..."

နှင်းဆီရဲ့ အမုန်းတော်ခံWhere stories live. Discover now