Part-15

2.4K 197 46
                                    


မြ တက္ကသိုလ် တက်ပြီး 4နှစ်လောက် အထိ.....
တီချယ် ပြန်မခေါ်ခဲ့....
နှစ်တွေ လတွေ ရာသီတွေ ဘယ်လောက်ပဲ....
ပြောင်းလဲ သွားပါစေ....ရင်ထဲက
မနှင်းဆီလေးကတော့....အမြဲ ပွင့်လန်းနေဆဲ.......

"အကျွန်ချစ်သည့် ပန်း...
ဆူးရှိမှန်းသိသော်လည်း...အလိုလိုက်မိမှန်း...
အခုမှပဲ သိတယ်ကွယ်....
ချစ်မိခဲ့လို့ ထွေးပွေ့ပြီးမှ မောင့်အသဲကို...
အဆူးစိုက်ဝင်ပြီ....
မိန်းမလှ အမုန်းရဲ့ ဒီဆူးဒဏ် သဒ္ဓါပြန်ခံမယ်လေ...
သေရွာပါ ပါစေ...
နာပါသည်လို့လည်း...မညီးတော့ပါ....."

‌အိမ်ရှေ့က ဖြတ်လျှောက်သွားတဲ့ ထီသည်လေး....
သိပ်ကိုပဲ နာကျင်ရပါသည်....
တီချယ် စိုက်ထားတဲ့ မြ ရင်ဘတ်ထဲက အဆူးဟာ...
အတိတ်မှာတော့ တဆစ်ဆစ် နာကျင်နေခဲ့ရပေမဲ့....
ယခု ဒီသီချင်းကြားမှ....မျက်ရည်ကျလုမတက်...
လွမ်း‌ဆွေးခဲ့ရပါသည်....
ထိုနေ့က....အနည်းငယ်...မီးလောင်နေသည့်...
ဒိုင်ယာရီလေး......
ထိုဒိုင်ယာရီလေးကို...မြ ဥပေက္ခာပြုခဲ့သည်မှာ...
တီချယ်နှင့် နောက်ဆုံးစကားပြောခဲ့သည့်နေ့ကတည်းကပင်....

"တီချယ် မြကို တပည့် တ‌စ်ယောက်ထက် မပိုဘူး....
အချစ်ဆုံး တပည့်လည်း မဟုတ်ခဲ့ဘူး....
မြရဲ့ ရူးကြောင်ကြောင် အတွေးတွေကို
တီချယ် တကယ် စိတ်ပျက်တယ်....
တပည့် တယောက်က ဆရာတယောက်အပေါ်ကို...
မဟုတ် တဲ့ စိတ်တွေ ဖုံးလွမ်းပြီးကြည့်နေတာကိုလည်း....တီချယ် စိတ်မလုံချင်တော့ဘူး....ဖြစ်နိုင်ရင်
တီချယ် မီးရှို့လိုက်တဲ့...မြရဲ့ ဒိုင်ယာရီလို....
အငွေ့ပြန်ပြီး....ပြာအဖြစ် နဲ့ ပျောက်ကွယ်သွားပါတော့.....အဲ့လို ပျောက်ကွယ်တဲ့ တစ်နေ့မှ...
တီချယ့်ကို စိတ်သန့်သန့်နဲ့ လာနှုတ်ဆက်ပါ....
ဒီလို...စိတ်ပျက်စရာ ကောင်းတဲ့...အချစ်တွေနဲ့
လာနှုတ်ဆက်ရင်တော့...မြကို...တီချယ် ဒီထက်
ပိုမုန်း မိလိမ့်မယ်...."

ပြည်နယ်ဆုပေးပွဲ ပြီးတဲ့ တစ်နေ့...
တီချယ့်ကို တိုက်တိုက်ဆိုင်ဆိုင် ကော်ဖီဆိုင်လေး
တစ်ခုမှာ လာတွေ့ခဲ့တယ်....
မြဘက်က တီချယ့်ကို တောင်းပန်ကြောင်း..
ပြောဖို့ရောက်လာခဲ့ပေမဲ့....
ပန်းခြံထဲ လွတ်လွတ်လပ်လပ်
စကားပြောရအောင်ဆိုပြီး...
မြ လက်ကို ဆွဲပြီး ခေါ်လာခဲ့သူက တီချယ်ပါပဲ....
တီချယ့် ပိုက်ဆံအိတ်ထဲက ထွက်လာတဲ့...
မြရဲ့ ဒိုင်ယာရီ...
ဒီဒိုင်ယာရီလေးက မြ စာမေးပွဲ ဖြေချိန် အမှု့မဲ့ အမှတ်မဲ့...ကျောင်းမှာ ကျန်ခဲ့တယ်....
ဒါကို တွေ့သွားတဲ့သူက တီချယ်မီ....
ပြဿနာတွေရဲ့ အစကလည်း...တီချယ်မီ....
ဒီကိစ္စတွေကို...အတုယူဖွယ်ကိစ္စတစ်ရပ်လို့....
သတ်မှတ်ပေးခဲ့တယ်...
ဟုတ်ပါတယ်....တီချယ်မီက....
မြရဲ့ အတန်းပိုင်ပဲဆိုတော့...သူ သမုတ် ချင်သလို...
သမုတ်နိုင်တယ်....
ဒါဟာ အမှန်တရား တစ်ရပ်လည်း ဖြစ်နေသည်မို့...
မြ မှာ ဖုံးကွယ်နေစရာ အကြောင်းမရှိ....
အမှန်ပင် ချစ်သည်....အလွန်ပင် မြတ်နိုးသည်...
တီချယ်ဟူသော ထို အမျိုးသမီး တစ်ဦးကိုသာ....
မြ အသက်ထက် ပိုချစ်သည်....
အဘယ်သူမှ ကဲ့ရဲ့ ပုတ်ချကြပါစေ....
အမှန်တရားဖြစ်သော မြရဲ့ ချစ်ခြင်းမေတ္တာကို...
မုသားသုံး၍ မဖုံးကွယ်လိုပါ.....
သို့သော်....တီချယ့်ဘက်က...
ဆရာတပည့်လို ဆက်ဆံရေးကိုပင်...
မြဘက်က အမျှော်လင့်ကြီး မျှော်လင့်မိကြောင်း...
ထည့်ရေးထားမိသည်....
မြရဲ့ ဒိုင်ယာရီကြောင့်...တီချယ်ဟာ...
ကျောင်းမှာ..အရှက်ရစရာ တစ်ခုလိုပင် ဖြစ်သွားခဲ့သည်....
ဒီအမှားဟာ...တီချယ့် အမှားတော့မဟုတ်...
မြရဲ့..အချစ်စိတ်ကြောင့် မူမမှန်တဲ့ မြရဲ့ အမှားပင်...

နှင်းဆီရဲ့ အမုန်းတော်ခံWhere stories live. Discover now