1💔

473 34 7
                                    


Zawgyi

"အဲ့တာ ရှင့်အမှားကြောင့်ဖြစ်တာ!"

"မင်း အသံကိုအရင်ပိတ်ထားလိုက်"

"မပိတ်တော့ ရှင်က ဘာလုပ်ချင်လို့လဲ"

"Kim YoonJae!!"

အလွန်တရာ အေးစက်သော ဆောင်းညတစ်ည။ အိမ်ခေါင်မိုးနဲ့ ခြံဝန်းထဲက အပင်တွေမှာလည်း ကပ်တွယ်နေတဲ့ နှင်းဖြူဖြူတွေကအမြင်တဆုံးကိုအပြည့်။

အိပ်ခန်းထဲက 5နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ ဆူညံသံတွေကြောင့် လေးလေးပင်ပင်နိုးလာခဲ့သည်။ ခါတိုင်း မေမေတိုက်သည့် နွားနို့တစ်ခွက်သောက်ပြီးတိုင်း မိုးလင်းထိ နှစ်နှစ်ချိုင့်ချိုင့် အိပ်ပျော်တက်ပေမယ့် ဒီနေ့မှာတော့ ပျော်ပွဲစားထွက်သည့် အိမ်ကိုရောက်နေတာဖြစ်လို့ သောက်ချင်စိတ်မရှိသည့်အတွက် အခန်းပြတင်းပေါက်ကနေ မမှီမလှမ်းနှင့် ခြေဖျားထောက်ပြီး သွန်ခဲ့ရသေးသည်။

ဤသည်ကြောင့်လည်း ယခုအခါ မအိပ်ပျော်ဘဲ စကားသံတွေကြောင့် သန်းခေါင်းယံအချိန် Kim SeokJin နိုးလာခဲ့ခြင်း။

ဂွမ်းစောင်ထူအားဖယ်ကာ ကုတင်အောက်သို့ ယိုင်တိုင်တိုင်ဆင်းလာပြီး အခန်းတံခါးကို အသံမမြည်အောင်ဖွင့်ရင်း စကားသံတွေထွက်လာရာနေရာ မီးဖိုခန်းသို့ ဆင်းလာခဲ့သည်။

ပိန်ပိန်ပါးပါးကလေးငယ်မှာ ဒီရက်ပိုင်းအတွင်း ယခင်ထက် ပိုပိန်သွားသယောင်။ ညအိပ်ဝတ်စုံအဝါနုရယ် ပါးဖောင်းဖောင်းလေးရယ်နဲ့မို့ ကလေးငယ်ဟာ မျက်နှာမြင် ချစ်ခင်ပါစေဟူသော ဆုတောင်းတွေ အလျံအပယ် ပြည့်နေသည့်နှယ်။

မီးဖိုခန်းတံခါးကို ခပ်ဟဟဖွင့်၍ ချောင်းကြည့်မိတော့ စကားလုံးကြမ်းတွေနှင့် ရန်စကားဆောင်နေသူမှာ Kim SeokJin ၏ အဖေနှင့် အမေဆိုသူတွေသာ။

~ခွမ်း~

ချောင်းကြည့်နေသည့် တံခါးနှင့် ထိ၍ အစိတ်အမွာမွာကွဲသွားသော ဖန်ခွက်ကြောင့် အကွယ်နေရာမှ ကလေးငယ်ဟာ ထိတ်လန့်၍ ငိုကြွေးမိတော့သည်။

ကလေးငိုသံကြောင့် ပြာယာခက်သွားသည့် အမေနှင့်အဖေဆိုသူမှာ ကလေးငယ်အား မီးဖိုခန်းအတွင်းသို့ ခေါ်သွင်း၍ ချော့မော့နေသည်လားတော့မသိ ကျယ်လောင်စွာ တုန်ခါနေသည့် နှလုံးခုန်သံနှင့် နားထဲထိ အူဆူနေမှုကြောင့် စကားသံတွေအား ကြားရတာမပီပြင်တော့ချေ။

FEBRUARY 16 Where stories live. Discover now