Zawgyiဟိုးရှေးရှေးတုန်းက တောအုပ်ကြီးရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ မှော်သလင်းကျောက် တစ်ခုကို လျို့ဝှက်စွာ စောင့်ရှောက်ရတဲ့ မြေခွေးလေးတစ်ကောင်နေထိုင်ခဲ့တယ်။
အပေါင်းသင်းမရှိ၊ မိသားစုလည်းမရှိတဲ့ သတ္တဝါလေးက ကံဆိုးစွာနဲ့ ခြေထောက်တစ်ဖက်ပါ မသန်ခဲ့ဘူးတဲ့။
တခြားသော သတ္တဝါ အကြီးအငယ်ကြားထဲ အားနည်းသလိုဖြစ်နေပေမယ့် အစာရှာဖို့ ဉာဏ်ပြေးလွန်းတဲ့ မြေခွေးလေးဟာ အမဲလိုက်ရာမှာတော့ ဆရာတစ်ဆူဖြစ်ခဲ့တယ်။
ကြီးနိုင်ငယ်ညင်း လုပ်တက်တဲ့ သတ္တဝါတွေကြားထဲ အပယ်ခံတစ်ကောင်လို နေခဲ့ရာမှ တစ်နေ့မှာတော့ ကျားသစ်နက်လေးတစ်ကောင်က ခြေမသန်တဲ့ မြေခွေးလေးစီကို မိတ်ဖွဲ့ဖို့ ချဉ်းကပ်လာခဲ့တယ်။
အစာတွေအတူရှာတယ်၊ အမဲလိုက်ရာလမ်းတွေဆိုလည်း အတူသွား အတူပြန်ပဲ။
ရေကမ်းစပ်ရဲ့ ခပ်နက်နက်မှာ ရေမှော်အရှင်တွေ ရှိခြင်းကြောင့် ကျားသစ်နက်သည် မြေခွေးလေး ရေထဲကိုဆင်းတိုင်း ပိုသတိထားပြီး ဂရုစိုက်၏။
မြေခွေးလေး အနိုင်ကျင့်ခံရတဲ့အခါ ကျားသစ်နက်လေးက မာန်ကုန်ဖီရင်း ကာကွယ်ပေးတက်သေးသည်။ရာသီတွေပြောင်းလာတော့ မြေခွေးလေးဟာ ကျားသစ်နက် အပေါ် သံယောစဉ်ကြိုးတွေတွယ်လာခဲ့တယ်။ ပေါင်းစပ်မရနိုင်တဲ့ ဘောင်တွေကို ကျော်ရင်း မြေခွေးလေးနဲ့ ကျားသစ်နက်ဟာ ချစ်သူတွေဖြစ်ခဲ့ကြတယ်။
ပန်းပွင့်ကြွေတွေအောက် ပြေးလွှားကြတယ်။
ရေကမ်းစပ်လေးမှာ ဆော့ကစားကြတယ်။
အကိုင်းခက်ကြီးတဲ့ အပင်တွေပေါ် ပေါ့ပါးစွာ စွန့်စားခန်းတွေဖွင့်ကြတယ်။အနီးနားက သတ္တဝါလေးတွေမှာ ဤအရာတွေကို ရိပ်မိကြပေမယ့် မဆိုင်သလိုသာနေခဲ့ကြတယ်။
ချစ်ခြင်းတရားတွေ စစ်မှန်တယ်ထင်လို့၊ သံယောစဉ်တွေက သိပ်လှလို့၊ ယုံကြည်ခြင်းအလုံးစုံကို ပုံပေးထားခဲ့ပေမယ့် တစ်နေ့မှာ မြေခွေးလေး နားလည်ခဲ့တာက ကျားသစ်နက်သည် သူ့စီ ချဉ်းကပ်လာရသည့် ရည်ရွယ်ချက်ဟာ မှော်သလင်းကျောက်အား ခိုးယူရန်အတွက်သာဖြစ်ကြောင်း ဆိုတာကိုပင်။
YOU ARE READING
FEBRUARY 16
Fanfictionမှတ်ဉာဏ်တချို့ ထည့်ပျိုးထားတဲ့ ပုံပြင်တွေဆို မောင်ကမကြိုက်ဘူး။ ~NamJin~