6💔

227 33 10
                                    


Zawgyi

အတန်းထဲတွင် NamJoon မျက်နှာ စာအုပ်နှင့်ထိမတက် လိုက်မမှီသည့်စာများအား ကူးရေးနေသည်။
အိမ်စာတွေဟာ တစ်ခါမှမလုပ်ဖူးသည့်အရာမို့ NamJoon အတွက် အစိမ်းသက်သက်။

Kim SeokJin ၏ ဆေးရုံတက်ရသည့်သတင်းကို Jimin လည်းကြားသည်။ နှစ်ရက်မျှကြာပြီဖြစ်သလို နှစ်ရက်လုံးလည်းစာတွေအကုန်ပြီးမှ NamJoon ဆေးရုံအခန်းအပြင်ဘက်က ခိုးကြည့်လေ့ရှိသည်။

"ဒီနေ့ ဆေးရုံကို သွားမကြည့်ဘူးလား"

နေ့လည်စာချိန်တောင် မနားဘဲ စာကူးရေးနေသူကို Jimin မေးတော့ နာရီကိုငုံ့ကြည့်လိုက်ပြီး

"ငါ မင်းအတွက်ပါကူးရေးပေးမယ် Jimin ငါ့အစား  နေ့လည်ပိုင်းဆေးရုံသွားစောင့်ပေးပါလား ငါညနေလောက်ကြမှ သွားဖြစ်မှာမို့လို့"

စာရေးမပြတ်ဘဲ ပြောနေသူသည် အမှန်တကယ်အသဲအသန်။ အတည်တကျကြီး လုပ်နေသူမို့ အကဲပိုတယ်လည်းမဆိုချင်။
Jimin စာအုပ်တွေကောက်သိမ်းရင်း နေ့ဝက်ခွင့်ဖြင့် ဆေးရုံကိုဦးတည်သွားခဲ့သည်။

နေ့လည်စာအတွက် အသင့်စားထမင်းဗူးလှလှလေးကိုလည်း ဝယ်ရန် Jimin မမေ့ခဲ့။

" လူနာ Kim SeokJin ရဲ့ အခန်းနံပါတ်လေး သိချင်လို့ပါဗျ"

အပြုံးချိုချိုတွေနှင့် လူငယ်လေးအား သူနာပြုမလေးတွေ သတိလက်လွတ်ငေးမိပြီးမှ Computer ထဲ ရှာကြည့်ကြသည်။

"အရေးပေါ်ဆောင် A15ပါ မောင်လေး"

"ကျေးဇူးတင်ပါတယ် ကောင်းသောနေ့လေးဖြစ်ပါစေဗျ"

တစ်ယောက်နှင့်တစ်ယောက် မနာအောင်ရိုက်ရင်း အသဲတယား ဂယက်ထသွားသည့် သူနာပြုတွေကိုကျောခိုင်း၍ ဓာတ်လှေကားရှိရာကိုဦးတည်သွားလိုက်သည်။

အရေးပေါ်ဆောင်ဆိုသည့်အတိုင်း ကြီးကြီးမားမား ဝေဒနာခံစားနေရသည့်လူနာတွေချည်း။

ဝှီးချဲနှင့် လူနာတွေကို ရှောင်ဖယ်ရင်း အခန်းနံပါတ်တွေကို လိုက်ကြည့်ကာ နောက်ဆုံး A15ဆိုသည့် အခန်းကိုရောက်လာခဲ့သည်။

အခန်းတံခါး၌ ကာထားသည့် မှန်အကြည်ကိုကြည့်ရင်း တံခါးဖွင့်မည့် Jimin လက်တွေဟာ ရပ်တန့်လို့နေသည်။

FEBRUARY 16 Where stories live. Discover now