2💔

260 35 10
                                    

Zawgyi

လမ်းတစ်ဖက်ခြမ်းက ပင်လယ်ဖြစ်တာကြောင့် လမ်း၏ညာဘက်ကို ဘောင်ခတ်ထားပြီး ဘယ်ဘက်တွင်တော့ တောင်နံရံနှင့် အပင်တွေသာရှိ၏။

လူသွားလူလာနည်းပြီး ကားလမ်းရှင်းသောကြောင့် လမ်းလျှောက်နေသူမှာ တစ်လမ်းလုံးတွင် Kim SeokJin တစ်ဦးတည်းသာဖြစ်သည်။

အမြင်အာရုံမရှိလည်း အတော်ဆုံးဆိုသည့်နေရာကို ယူထားနိုင်သလို ယခုအခါ မဖြစ်မနေ ကျောင်းပြောင်းရသည့် အကြောင်းဟာလည်း လူတိုင်းသိလို့မဖြစ်ပါချေ။

ကျောင်းဝတ်စုံ ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်ကာ သွားနေသူသည် ကျောက်ဆောင်တွေအား လှိုင်းရိုက်သည့်အသံကို သဘောကျနေ၏။

~ကျွီ~

ခန္ဓာကိုယ်နှင့် မထိရုံလေး ကပ်ရက်သား ဘရိတ်အုပ်ချလိုက်သံကြောင့် SeokJin ခြေလှမ်းများရပ်တန့်သွားသည်။

"အာ့..... Park Jimin မင်းဘယ်လိုမောင်းနေတာလဲ"

ရုတ်တရက်ဘရိတ်အုပ်လိုက်သည့် အရှိန်ကြောင့် နားကြပ်တပ်ရင်း မှေးနေသည့် NamJoon မှာ အရှေ့သို့ ယိုင်သွား၏။

"ဟိုမှာလေ"

Jimin ညွှန်ပြမှုကြောင့် နားကြပ်ကိုချွတ်ရင်းကြည့်တော့ ကားလမ်းအလယ်တည့်တည့်တွင် ရပ်နေသည့် လူကိုတွေ့လိုက်ရသည်။

"တောက်ခ်....ေ-ာက်အာရုံတွေ"

ခါးပတ်ဖြုတ်ရင်း ကားပေါ်က ဆင်းတော့ Jimin မှာ မတားမိ။ ဒါမျိုးတွေဟာ တစ်လတွင် တစ်ကြိမ်လောက်အနည်းဆုံး ကြုံနေကြကိစ္စဖြစ်၏။

ပြိုင်ကားအနက်ရဲ့အရှိန်ကြောင့် တိုက်မိချင်ယောင်ဆောင်မယ်။ ပြီးရင် လျော်ကြေးတောင်းမယ် ဒါဘဲ။

club ကပြန်လာချိန်တိုင်း ဒါမျိုးက ကြုံနေကြပေမယ့် စကားနှင့်မရလျင် ရန်ပွဲထိကူးသွားတာတွေပါရှိသည်။ သို့သော် အခုက အချိန်မရ၊ ကျောင်းချိန်နီးနေပြီဖြစ်၍ အရစ်ရှည် ပွဲရှည်ဖြစ်လို့မရချေ။

"ထိခိုက်မိသွားသေးလား"

အစက လျော်ကြေးကိစ္စသာပြောရန် ကားပေါ်က ဆင်းလာတာမှန်သော်လည်း နေရာမှာတင် မလှုပ်ဘဲရပ်နေသည့် ကောင်လေးကြောင့် NamJoon လူမှုရေးအရမေးလိုက်ရသည်။

FEBRUARY 16 Where stories live. Discover now