4💔

234 30 7
                                    

Zawgyi

အိမ်တော်ကြီးအတွင်း တိုးတီးသံများစွာအားကြားနေရသည်။ အရင်အတိုင်းလစ်လျူရှုထားမြဲ Kim SeokJin မှာတော့ နိုးလာသည်နှင့် တနေ့တာ ကိစ္စများကို ပုံမှန်အတိုင်း လုပ်နေသည်။

ခြေသံလုံစွာ လမ်းလျှောက်တက်သော SeokJin မှာ အခန်းအတွင်းဆို ခေါက်တုတ်မသုံးတာကြောင့် ဤအချက်နဲ့တင် အိမ်စေတချို့သည် သခင်Kim ဘယ်အချိန်အနားသို့ ရောက်ရောက်လာမှန်း ခန့်မှန်းမရဖြစ်တက်ကြ၏။

ကုတင်ပေါ်ကဆင်းသည်နှင့် ဗီဒိုစီသို့အရင်သွားပြီး ညာဘက်ခြမ်းမှ အင်္ကျီတစ်စုံကို ယူလိုက်သည်။ ဗီဒို၏ ညာဘက်တွင် ကျောင်းဝတ်စုံများသာရှိပြီး ဘယ်ဘက်ခြမ်းတွင်တော့ အဖြူသို့မဟုတ် အမဲရောင် အဝတ်စားများသာရှိ၏။

သခင်Kimသည် အရောင်များကို မုန်းလေသည်။

ရေချိုးခန်းထဲသို့ ခြေလှမ်းမှန်မှန်လျှောက်ရင်း ရေပန်းတွေကို အရှိန်ပြင်းပြင်းဖြင့် ဖွင့်ချလိုက်သည်။

မနေ့ကမိုးမိလာသာကြောင့် အနည်းငယ် နုံးနေရုံမှလွဲရင် သခင်Kimဟာ သန်မာလှပြီး တော်ရုံနေမကောင်းမဖြစ်ချေ။

ရေစက်များတွဲခိုနေသည့် ဆံပင်တွေအားလှန်တင်ကာ သွားတိုက်နေသည့် သခင်Kim၏ မှန်ထဲကပုံရိပ်သည် သက်ရှိ နတ်ဘုရားရုပ်ထုကဲ့သို့ ချောလှသည်၊ အရှိန်အဝါကြီးသည်၊ ပြီးတော့ အေးစက်သည်။

ခံစားချက်မဲ့နေခြင်းဆိုတာ သခင်Kimအတွက်ပုံမှန်ဖြစ်ပြီး ယခုအခါတွင် အညိုရောင်မျက်လုံးတွေမှာ ထူးထူးခြားခြား ခံစားမှုအရိပ်တစ်ချို့ ဖြတ်ပြေးနေ၏။

အိမ်စေတချို့မှာ အတင်းတပြောပြောဖြင့် မနက်စာအားပြင်ဆင်နေသည်။ ဤသည်ကို အိမ်တော်ထိန်းဂါမွန်က အမြဲစကားနာနာဖြင့် ပြောတက်သော်လည်း အိမ်စေများက ခွေးမြီးကောက် အတိုင်း ဘယ်လောက်ဖြောင့်ပေးပေး ကောက်မြဲ။

သခင်Kimက မနက်စာစားလေ့ မရှိသော်လည်း မနက်စာတည်ခင်းရမှာက သူတို့တာဝန်ဖြစ်သောကြောင့် မပျက်မကွက်လုပ်ဆောင်ရ၏။

ပျားပန်းခတ်နေသော အိမ်စေများထဲက အမျိုးသမီးတစ်ယောက်မှာမူ တခြားလူများမရိပ်မိလိုက်ခင် အိမ်ပေါ်ထပ်သို့ တိုးတိတ်တိတ်တက်လာခဲ့သည်။

FEBRUARY 16 Where stories live. Discover now