10💔 Final

407 35 23
                                    

Zawgyi

အိပ်ခါနီး ရေချိုးပြီးထွက်လာချိန် မြည်နေသောဖုန်းအား NamJoon ကောက်ကိုင်လိုက်သည်။

" Hello"

" NamJoon ငါမင်းကို တွေ့ချင်တယ်"

" အခုလား ...."

စကားတောင်မဆုံးသေး ဖုန်းကျသွားသောကြောင့် NamJoon မှာ ကြောင်အအ။

ဘာမှဆက်မတွေးတော့ဘဲ ဆွယ်တာခဲရောင်တစ်ထည်ကောက်စွတ်ကာ ကားသော့ဆွဲ၍ ထွက်လာခဲ့သည်။

အိမ်ကိုအရင်ဆုံး ဦးတည်သွားချိန် ပွင့်ဟနေသည့် ခြံတံခါးကြောင့် NamJoon စိတ်ထဲ ဒိန်းခနဲ။

" SeokJin !! SeokJin!!"

တိတ်ဆိတ်နေသည့် စံအိမ်ကြီးဟာ ခြောက်ကပ်ကပ်။

ထိန်းနေတာ ချစ်လွန်းလို့ ထိန်းခဲ့တာတွေ။ Kim NamJoon ဟာ စိတ်မရှည်တိုင်း အသက်ရှုရခက်လာတက်သလို ဘာမှမမြင်တော့လောက်အောင်ကို ရမ်းကားတက်သည့်လူ။

ပူထူလာသောစိတ်ဟာ အထိန်းအကွတ်မဲ့သည်။ အိမ်အဝက ပန်းအိုးတွေ ရိုက်ခွဲအော်ဟစ်မိတော့ အိမ်စေတချို့နှင့် အိမ်တော်ထိန်းဂါမွန်ပါထွက်လာခဲ့သည်။

" Kim SeokJin ဘယ်မှာလဲ "

" သခင်.....သခင်က ဒီအချိန်ဆို အနားယူနေပါပြီ "

" သွားကြည့်......စိတ်တွေက ရှည်မနေဘူး အခန်းထဲမှမရှိရင် နင်တို့မလွယ်ဘူးမှတ်"

သခင်Kim စံအိမ်တော်သို့ ခေါ်လာတက်သူသည် တစ်ခါတစ်ရံ ကြင်နာတက်သလို သခင်Jeon နီးနီး အာဏာစက်ပြင်းတာကိုလည်း သိသောကြောင့် အိမ်စေတချို့မှာ တုန်တုန်ရီရီ။

" သခင်....Kim အခန်းထဲမှမရှိပါဘူး သခင် လေး"

ကြောက်လန့်နေပေမယ့် မပြောလို့လည်း မဖြစ်တာမို့ အိမ်စေကောင်မလေးသည် ပြေးလာပြောတော့

" ငါပြန်လာခဲ့မယ်....တစ်ခုခုသာဖြစ်ရင် နင်တို့အကုန်လုံး အသက်ရှင်မယ်မထင်နဲ့"

ဝုန်းဒိုင်းကြဲထွက်သွားသူကြောင့် အိမ်စေများသက်ပြင်းတောင်နိုင်နိုင်မချရဲ။

ကားပေါ်ရောက်သည်နှင့် ဦးစွာလုပ်ရသည်က
Kim SeokJin ၏ ဖုန်းတည်နေရာကို ရှာရန်သာဖြစ်သည်။ ရင်းနှီးနှီးနေရာအား အချက်ပြလာသည်နှင့် NamJoon ၏ ကားသည် လမ်းတလျှောက်လုံး အရှိန်ပြင်းပြင်း။

FEBRUARY 16 Where stories live. Discover now