9💔

220 32 12
                                    

Zawgyi

အရင်ရက်တွေအတိုင်း ကျောင်းသွားသည့် လမ်းတလျှောက်ကို NamJoon သတိထား၍ သွားသည်။ စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ တွေ့ချင်သူနဲ့တော့ လွဲမြဲလွဲစဲ။

နှစ်ရက်လောက် SeokJin ကျောင်းပျက်ပြီးနောက် ပြန်လာတက်တော့လည်း NamJoon နှင့်အဆုံကိုမခံဘဲ တရှောင်ရှောင်။

အတန်းထဲမှာဆို အရေးမလုပ်ချေ။ ထမင်းစားချိန်ဆို ပေါင်မုန့်တစ်ထုပ်ကိုင်ကာ ပျောက်သွားတက်သည်။ နောက်ဆုံး ကျောင်းဆင်းချိန်ဆိုရင် Jeon Jungkook ဆိုသူက လာကြိုတက်ပြီး NamJoon မှာ စကားပြောဖို့ အခွင့်ရေးမရ။

အရင်လို တဇွတ်ထိုးလုပ်ရင် ရနိုင်ပါသော်လည်း NamJoon မလုပ်။ မလုပ်ရဲတာဆိုပိုမှန်လိမ့်မည်။ ဖွင့်ပြောပြီးထဲက NamJoon သတ္တိတွေသည်လည်း အစပြန်ဖော်၍ပင် မရတော့။

ဒီနေ့တော့ လွှတ်ထား၍ မရတော့ပါ။ NamJoon လှုပ်ရှားမှကိုဖြစ်မည်။

အတန်းထဲ အရှေ့ကလူကို စူးစိုက်ကြည့်ရင်း NamJoon အကြည့်တွေသည် ဘေးက အိပ်ငိုက်နေသည့် Jimin ထံ ရောက်လို့လာသည်။ ပြီးနောက် NamJoon ပြုံးလိုက်၏။

ကျောင်းပေါက်ဝတွင် လက်ထဲမှ စာအိတ်တစ်ခုကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ရှေ့တိုးရနိုးနိုး နောက်ဆုတ်ရနိုးနိုးနဲ့ Jimin ရပ်နေခဲ့သည်။

အရှေ့ကားလမ်းတွင် ကားအနက်တစ်စီးရှိနေပြီး ဤကားသည် Jeon Jungkook ၏ ကားဖြစ်သည်။

~လွန်ခဲ့သော နာရီအနည်းငယ်က~

အလွန့်အလွန်ညီးငွေ့ဖွယ်ကောင်းသော သင်္ချာချိန်မို့ Jimin မျက်ခွံတွေသည် ခဲဆွဲထားသကဲ့သို့ အလွန်အကျွံကို လေးလေးပင်ပင်။

ရုတ်တရက်ခါးကို လာတို့သည့် NamJoon ကြောင့် ထအော်မိမတက်လန့်သွားပြီး အိပ်ချင်စိတ်ဆိုတာ ကြက်ပျောက်ငှက်ပျောက်။
ဆရာသတိမထားမိခင် စာအုပ်ဖြင့် ကောက်ပေါက်လိုက်၍ ခပ်တိုးတိုး ဆဲမိသည်။

" ကစားမယ် ......တစ်လလုံး ခိုင်းတာလုပ်ကြေး"

ပစ်ပေါက်လာသည့် လုံးကြေနေသော စာရွက်ကို Jimin ဖတ်ပြီးနောက် နောက်ထပ် စာသားတချို့ကို ဖြည့်ရေး၍ ပြန်ပစ်ပေါက်လိုက်သည်။

FEBRUARY 16 Where stories live. Discover now