A & C - 14

2K 238 45
                                    

*Unicode*

"ဂျွန် ဂျောင် ဂု!!!"

"ဟင့်....မောင့်!"

ပြေးဖက်လာတဲ့ကိုယ်ငယ်ကြောင့် ယိုင်နဲ့သွားကာ လှဲမသွားစေရန်ခါးသေးသေးအားအသာဖက်ရင်း ထိန်းလိုက်ရသည်။

တဆိတ် မောင်...မောင် တဲ့။
နားကြားမှားသည်များလား ပူလောင်နေတဲ့ရင်ဘတ်အတွင်း *မောင်* ဆိုသောအသံကြောင့် လေပြေအေးလေးဖြတ်သန်းသွားခြင်းမှာ ဒီကောင်လှလှလေးရူးသွားကြောင်း။

ကြည်နူးမှုနှင့် သဘောမကျခြင်းဒွန့်ဆွဲနေရင်း ထပ်ပြီးပူလောင်ရပြန်သည်။ သိပ်ကြားချင်နေခဲ့သော *မောင်* ဆိုသော နာမ်စားလေးအား ငိုသံစွတ်၍ ထွက်ကျလာသည့်အသံလေးသည် စီနီယာဆိုသောကောင်နမ်းသွားသော ဒီကောင့်အပိုင်နီထွေးထွေးနှုတ်ခမ်းလွှာကြားမှ....။

မင်းပြောစမ်း စီးကရက်ငယ်...ငါကပျော်ရမှာလား ပေါက်ကွဲရမှာလား။

"ဘယ်လိုခေါ်လိုက်တယ်...!"

"ဟင့်...တောင်း တောင်းပန်ပါတယ်...မကာကွယ်နိုင်လို့...အ့.."

မျက်ရည်ရွဲနေသော ပါးအိဖောင်းဖောင်းအား လက်မနှင့်လက်ခလယ်သုံးကာ ညစ်ရင်းဆွဲမော့စေတော့...ငွေ့ရည်အပြည့်နှင့်မျက်ဝန်းဝိုင်းဝိုင်း စိုရွဲ၍ကော့တက်နေသောမျက်တောင်ဖျား သက်ဝင်ပန်းချီကားပမာ...။
နှာတံထိပ်ပိုင်းရဲရဲလေးမှာ ချစ်စရာကောင်းမှုစုစည်းလျက်။
ရီဝေဝေဖြင့် မျက်နှာအစိတ်အပိုင်းအလှတရားအား သေချာလိုက်မှတ်ရင်း စူထော်ကာထွက်နေသော တစက်စက်တုန်ရီနေလျက်ရှိသည့် နီထွေးထွေးပန်းနုရောင်နှုတ်ခမ်းပါးအား အကြည့်ရောက်ခိုက် ဒီလူရမ်းကားထံမှ ခပ်အက်အက်လှောင်ရယ်သံတစ်ချို့ ထွက်ပေါ်၍ လာသည်။

နှုတ်ခမ်းသားအောက်က မှည့်နက်လေးကမောင့်ကို လှမ်းလှောင်တယ်။
မင်းအပိုင်ကိုထိသွားပြီ တဲ့~~။

"ဘာလိုပြန်လျော်ပေးမလဲ...ဒီကောင်ရမ်းကားရတာကြိုက်တဲ့ နေရာကို တစ်ခြားကောင်ရမ်းကားသွားပြီ.....ဟားးးး ဂျွန်ဂျောင်ဂုမင်းပြောစမ်းပါ ငါ့ကိုဘယ်လိုလျော်ပေးမှာလဲ !! ငါ့ဟာလေ ငါပိုင်တဲ့နှုတ်ခမ်းကိုများ !"

Alcohol and CigaretteWhere stories live. Discover now