ဗန်းမော်မြို့ဝန်ထမ်းအိမ်ယာတစ်ခုတွင်အလုပ်ရှုပ်နေကြသောသားအဖနှစ်ယောက်ရှိသည်။
ဇီလှိုင်းသစ် ဖခင်ဖြစ်သူ၏အထုပ်အပိုးတွေကိုနေရာချပေးနေရင်း ဖုန်းပြောနေ သောအဖေ့ကိုလှမ်းကြည့်မိသည်။"နွယ် ရေ အိမ် နေရာကအဆင်ပြေတယ် ၊
ကို သောကြာနေ့ လာကြိုမယ် အဆင်သင့်ပြင်ထား။
သမီးကော နေကောင်းပြီလား....။ဆေးခန်းထပ်သွားလိုက်ဦး။
ကလေးက ကားစီးရမှာနဲ့ ဒဏ်မခံနိုင်ပဲဖြစ်နေမယ်"အဖေ့မိန်းမနဲ့ဖုန်းပြောနေတဲ့ အဖေ့မျက်နှာကပြုံးလို့။ကျွန်တော်ကတော့ဘယ်လိုပြုံးရလဲတောင်မေ့နေတဲ့အခြေနေ။
"သား မင်း ကျောင်းတွင်းဆောင်ကရပြီလား"
အဖေဖြစ်သူကဖုန်းပြောပြီးေနာက်ဇီလှိုင်းသစ်ကိုလှမ်းမေးသည်။
"ဟုတ် ကျွန်တော်ဒီနေ့သွားလို့ရပြီ"
"အဖေလိုက်ပို့ရမလား မင်းအထုပ်တွေကအများကြီးနဲ့"
"ရတယ် ကျွန်တော်ကျောင်းသွားရင်းနဲ့တစ်ခါတည်းသယ်သွားမှာ"
"အေးအေး မင်းတစ်ခုခုအဆင်မပြေရင်အဖေ့ကိုပြော။
မင်းတစ်ယောက်တည်းကြိတ် ဖြေရှင်းမနေနဲ့။ မင်းအဖေတစ်ယောက်လုံးရှိသေးတယ်"အဖေကဇီလှိုင်းသစ်၏မျက်နှာကိုသေချာကကြည့်ပြီးပြောသည်။ဇီလှိုင်းသစ်ကတော့သိပြီဖြစ်ကြောင်းခေါင်းငြိမ့်ရုံသာငြိမ့်လိုက်သည်။
ဇီလှိုင်းသစ် ကျောင်းကို ကလစ်ဘီးဆိုင်ကယ်လေးဖြင့်သွားပြီးအထုပ်အပိုးများကို သုံးဘီးနှင့်တင်ေပးလိုက်သည်။ ကျောင်းသို့သွားရာ လမ်းတစ်လျှောက်တွင် ဗန်းမော်မြို့အထွက်စစ်တပ်ဂိတ်တစ်ခုကိုဖြတ်ခဲ့ရပြီး အကျဉ်းထောင်တစ်ခုကိုလည်းဖြတ်ခဲ့ရသေးသည်။ မြို့ပြင်ရပ်ကွက်တော်တော်များေကျာ်ခဲ့ပြီးေနာက် နမ့်ဖားရပ်ကွက်ထဲသို့ရောက်လာခဲ့သည်။ တက္ကသိုလ်ကျောင်းနားနီးလာပြီဖြစ်သောကြောင့် အမျိုးသားဆောင် အမျိုးသမီးဆောင်များနှင့် ထမင်းဆိုင်၊ စားသောက်ဆိုင်တို့ကိုေတွ့ရသည်။ထို့ေနာက် ချောင်းသေးသေးလေးကိုကူးထားသည့်တံတားလေးကိုတွေ့ရပြီး လမ်း၏ဘေးတစ်ဖက်တစ်ချက်ဆီတွင် စိမ်းလန်းစိုပြေနေသည့် အခင်းများရှိသည်။ အခင်းထဲကထွက်သည့် ဟင်းသီးဟင်းရွက်များနှင့် ပန်းများကိုရောင်းချသည့် ဈေးတန်းသေးသေးလေးလည်းရှိသေးသည်။ ထိုဈေးတန်းကို တံတားဈေးဟုခေါ်ကြသည်။တံတားဈေးကလေးကသေးသော်လည်း တက္ကသိုလ်ကျောင်းသူကျောင်းသားများအတွက် ဈေးသက်သာပြီး လတ်ဆတ်လှသည့် ထမင်းအိုးကြီးပင်ဖြစ်သည်။ တံတားဈေးနှင့်မလှမ်းမကမ်းတွင် နမ့်ဖား အင်းကြီးကိုလည်း မြင်နေရသည်။ ဤနေရာလေးသည် အင်မတန်မှသာယာလှသည်။ ထိုနေရာမှ အနည်းငယ်သွားပြီးနောက် တက္ကသိုလ်ဝန်း၏ အုတ်တံတိုင်းများကိုမြင်တွေ့နေရပြီဖြစ်သည်။ ဗန်းမော်တက္ကသိုလ်မုဒ်ပေါက်ကြီးကို ခန်းနားထည်ဝါစွာစတင်ေတွ့ရှိရပြီဖြစ်သည်။ အဝါနုရောင်အောက်ခံဖြင့် အစိမ်းရောင်စာလုံးများက ထင်ရှားလျှက်။မုဒ်ေပါက်နှင့်အတူ မလှမ်းမကမ်းတွင် တက္ကသိုလ်၏ နှလုံးနှင့်တူသည့်နေရာ ကျောင်းသူ ကျောင်းသားများအား ဘွဲထူးဂုဏ်ထူးများ ပေးအပ်သည့်နေရာ ပင်မ Main ဆောင်ကြီးက ဂုဏ်ယူဝင့်ကြွားစွာတည်ရှိနေသည်။ ကျောင်းပေါက်၏ အထဲ တစ်ဖက်တစ်ချက်ဆီတွင် ဆိုင်ကယ်စတန်းရှိသည်။ထိုနေရာတွတွင်ဆိုယ်ကယ်ရပ်ပြီး လမ်းနည်းနည်းဆက်လျှောက်လိုက်လျှင်ပင် Main သို့ရောက်သည်။ ဇီလှိုင်းသစ် Main ဆောင်အောက်တွင် လိုအပ်သည့်သက်ဆိုင်ရာ ဌာနခဏဝင်သည်။ ပြီးနောက် မိမိ၏သင်္ချာဌာန ဘက်ကိုဆက်သွားသည်။ ထိုနေရာမှဌာနရောက်ရန်တံတားအိုလေးကိုဖြတ်ရသေးသည်။တံတား၏ဘေးတစ်ဖက်ကိုကြည့်လိုက်လျှင် WELCOME ဆိုသောအဖြူရောင်စာလုံးကိုပန်းပင်တွေကြားတွင်ထင်းနေအောင်ရေးထားသည်ကိုတွေ့ရသည်။ ထိုစာလုံး ကို မြင်လိုက်သည်နှင့် တက္ကသိုလ်ကျောင်းတော်ကြီးက သူ့အားကြိုစိုနေသလိုပင် နွေးထွေးမှုကို ခံစားရ၏။
YOU ARE READING
လှိုင်းကလေးကိုပွေ့ချီမယ်
Romance"တစ်ခြားသူတွေနဲ့ပျော်ရွှင်နေတဲ့ သူကို့ သဝန်တိုလိုက်တာလို့ လမင်းကြီးကိုပြောတော့ လမင်ကြီးက ကျွန်တော့်ကိုပြန်ပြောခဲ့တယ် :သူ့ကိုမင်းပိုင်လို့လားတဲ့:" ဇီလှိုင်းသစ် "ယောက်ျားလေးနှစ်ယောက်ကြားထဲမှာ သူငယ်ချင်းကလွဲရင်...