Episode 4 (မင်း ဘာလို့ဒီလောက်ချောနေတာလဲ)

272 24 0
                                    


ရှိုင်းစက်ချီ တစ်ယောက်အငိုကောင်းတုန်းပင်။
ဇီလှိုင်း ကိုဖတ်ထားသည်မှာလဲမလွှတ်သေး
ပို၍ပင် တင်းနေအောင်ဖတ်လာသည်။
ဇီလှိုင်း ကလည်း ငြိမ်ခံနေ၏။

"ချီချီ ဇီလှိုင်းကို တအားလွမ်းနေတာ"

ဇီလှိုင်း အံ့ဩမိသည် ရှိုင်းစက်ချီ  က သူ့ကိုယ်သူ ချီချီ ဟုသုံးနှုန်းခဲသည်။ချီချီ ချွဲချင်သည့်အချိန်မှသာပြောလေ့ရှိသည်။
ရှိုင်းဆက်ချီကို ချီချီ လို့ခေါ်သည်မှာလဲ ကျွန်တော်တစ်ယောက်တည်းသာ။
အဲ့လိုခေါ်တာကလည်း နှစ်ယောက်တည်းရှိမှသာခေါ်လေ့ရှိသည်။

ထိုသို့ရှိုင်းစက်ချီ၏အပြောကြောင့် ဇီလှိုင်း နှုတ်ခမ်းပါးတို့ ကော့တတ်လာကြသည် ။

" ဇီလှိုင်း လည်း ချီချီကို လွမ်းတယ် "

" ဟား ဟား ဟား ....မင်း ငါ့တိုင်းလိုက်ပြောနေတာလား"

သူတို့နှစ်ဦးဖက်ထားသည်က ဒီတစ်သက်လွတ်မည့်ပုံမပေါ် ။

" ဂွီ ဂွီ ဂွီ......"

ဇီလှိုင်း ဗိုက်က မြည်လာခြင်းဖြစ်သည်။
ထိုမှသာ ချီချီ ဖက်ထားသည်ကို လွှတ်ဖို့သတိရသည်။

“မင်းဗိုက်ဆာနေပြီလား ခုမှ ၅ နာရီ ပဲ ရှိသေးတယ်”

“အွန်း နေ့လယ် ကတည်းကဘာမှမစားရသေးဘူး အလုပ်ရှုပ်နေတာနဲ့ ”

ရှိုင်းစက်ချီ မျက်မှောင်ကြီးကျုံ့ကာ ဇီလှိုင်းကိုကြည့်၍ လက်ကို လှမ်းကိုင်လိုက်သည်။
ထို့နောက် ထမင်းစားခန်းသို့ ဆွဲခေါ်သွားလေတော့သည်။
“လာ ခု သွားစားမယ်”

>>>>>>>>>>>>>>

နောက်တစ်နေ့ မနက်တွင် ထုံးစံအတိုင်းရှိုင်းစက်ချီ၏နှိုးစက်သံတို့က အခန်း၅၁၏မနက်ခင်းကိုအစပြု၏။

"တီ တီ တီ....တီ တီ တီ....တီ!!!"

သို့သော်နှိုးစက်ပိတ်သူက ဇီလှိုင်းသစ် ပင်ဖြစ်သည်။
နှိုးစက်ပိုင်ရှင်ကတော့ သန်းခေါင်ပေါက်တုန်းပင်။

" ချီချီ ....ချီချီ..."

" အွန်းးးးးးး"

အိမ်ချင်မှုးတူးအသံဖြင့် ချီချီ တစ်ယောက် မျက်လုံးတို့ကပွင့်မလာသေး။

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now