Episode 6(မင်းကတော့ ငါ့ကိုထားသွားလို့မရဘူး)

209 17 1
                                    

ရှိုင်းစက်ချီ ကပြုံးပြုံးကြီးဖြင့်

"သေချာပေါက် ..............

မကြိုက်ဘူးပေါ့

မစားကောင်းတဲ့ အသီးကြီးကို

ပြောမနာ ဆိုမနာ ဘော်ဒါကြီးတွေ

အမလေး.... စဉ်းစားကြည့်ရုံနဲ့ ကြက်သီးဖြန်းတယ်
တွေးတောင်မတွေးရဲဘူး"

ချီချီ အဖြေကို ကြားလိုက်ရသောအခါ ဘာ‌ေကြာင့်မှန်း မသိစိတ်သက်သာသွားသလိုပင်။
ချီချီ ရဲ့မျက်နှာအမူယာအမျိုးမျိုးဖြင့်ပြောနေပုံမှာ ချစ်စရာ‌အလွန်ကောင်းသည်ဟူသောအတွေးနှင့်အတူဇီလှိုင်းသစ်၏နှုတ်ခမ်းပါးတို့ကော့ညွှန့်လာကြသည်။

ရှိုင်းစက်ချီ မှာလည်းဇီလှိုင်း ၏အပြုံးကိုမြင်‌ တွေ့လိုက်ရသောအခါအံ့ဩ မှင်သက်‌ သွားရသည်။

*လှိုင်းလေးပြုံးနေတယ်
ဘာလို့လဲ?ငါလည်းရယ်စရာဘာမှမလုပ်မိပါဘူး?ဘာကိုသဘောကျသွားတာလဲ? *

ရှိုင်းစက်ချီတစ်ယောက်အကြာကြီးလည်းမငေးရဲပေ။

*တော်ကြာ ဟိုတစ်ခါကလို

ဇီလှိုင်းပြုံးနေတာသူ့ကိုယ်သူသတိထားမိပြီး

မျက်နှာကြီးတင်းလာမှဖြင့်*

" ဇီလှိုင်း မြန်မြန်သွားရအောင် မိုးရွာတော့မယ်"
ပြောရင်းဆိုရင်းမိုးကကျလာသည်။

ချီချီ ၏ ထီးကို ဇီလှိုင်း လှမ်းယူလိုက်သည်။

"ငါ ဆောင်းပေးမယ် ချီချီ ဒီဘက်တိုး"

ဇီလှိုင်း ၏ လက်တို့သည် တစ်ဖက်က ထီးကိုကိုင် တစ်ဖက်က ချီချီ၏ ပုခုံးပေါ်တွင်ရှိနေသည်။ချီချီ တစ်ယောက်ဇီလှိုင်း၏ရင်ခွင်ထဲသို့ ရောက်နေသလိုပင်။

မိုးရေထဲတွင် ထီးတစ်ချောင်းနှင့်အရပ်ရှည်ရှည် ကောင်ကလေးနှစ်ယောက်တို့ ၏မြင်ကွင်းမှာဖူဂျီမများအတွက်ဆိုလျှင်အလွန်ပင်ကြည့်၍ကောင်းနေမှာသေချာ၏။
သို့သော် ယခုချိန်တွင် သူတို့နှစ်ယောက်တည်းသာ။
သူတို့ခြေလှမ်းများကလည်း ပုံမှန်ထက်ပိုနှေးနေသယောင်။သူတို့ အဆောင်ပြန်ရောက်တော့ ထီးပါသော်လည်းနှစ်ယောက်လုံးကြွက်စုတ်ဖြစ်နေ၏။

လှိုင်းကလေးကိုပွေ့ချီမယ်Where stories live. Discover now