*နမ်းချင်တယ်...........................*
ဇီလှိုင်းသစ် တံတွေးများကြိမ်ဖန်များစွာမျိုချနေရသည်။ ရင်ခုန်သံများလည်းဗြောင်းဆန်နေသည်။
*ဒီနှုတ်ခမ်းလေးက ငါ့အပိုင်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲ.........
ငါ့အပိုင်သာဆိုရင်.......*ဇီလှိုင်း သူ၏မျက်လုံးများကိုမှိတ်လိုက်ပြီး
"ဟူး..........."
*စိတ်လျှော့ ....... ဇီလှိုင်းသစ်စိတ်လျှော့........ဟူး.......*
သက်ပျင်းအရှည်ကြီးချကာ သူ၏ ရမ္မက်စိတ်တို့ကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရ၏။
ဇီလှိုင်း၏ ဝင်သက်ထွက်သက်လေငွေ့တို့က ရှိုင်းစက်ချီ၏မျက်နှာထက်တွင်ကလူကျီစယ်နေ၏။
ဒီဖက်လူက ခက်ခက်ခဲခဲထိန်းချုပ်ထားရသလို တစ်ဖက်လူကလည်း အခြေအနေမဟန် မျက်နှာကြီးနီရဲကာ အသက်ရှုရပ်တော့မည့်အလား။
ရှိုင်းစက်ချီတစ်ယောက် သူ၏မျက်နှာပေါ်သို့ကျရောက်နေသော လေတို့ကြောင့် အရေပြားတို့မှာယားယံလာသည်။
သူ၏အရေပြားတင်ပဲလား မစီမဆိုင် သူ၏နှလုံးသားမှာလည်း ပုရွက်ဆိတ်တတ်သလိုယားယံကာ တင်းကျပ်နေသည်။*လှိုင်းလေး ဘာတွေဖြစ်နေတာလဲ
ငါကကောဘာတွေဖြစ်နေတာလဲ
ဒီကောင်ငါ့ကို ဘာတွေလာလုပ်နေတာလဲ
မဟုတ်ဘူးဘာတွေလုပ်မလို့လဲ
!!!!ဟေ့ ဟေ့ ဟေ့
!!!!အရမ်းကပ်နေပြီနော်
ဘာလုပ်မလို့လဲ
မလုပ်နဲ့နော်
မလုပ်!!!!!!!!!!!*
ဇီလှိုင်းသစ်၏ နှုတ်ခမ်းပါးတို့က ရှိုင်းစက်ချီ နားရွက်ထိပ်ကလေးကိုထိကပ်လျက်
"ချီချီ.....ကိုဘာလုပ်ရမလဲ .....ကိုယ့်ကိုဘာလုပ်စေချင်လဲ .....ဟင်....."
ရှိုင်းစက်ချီ၏ နားထဲသို့လေမှုတ်လိုက်သလိုပင် ။
ရှိုင်းစက်ချီခြေထောက်ပင်မခိုင်ချင်တော့ သူ့မှာကတုန်ကယင်နှင့်
"မင်း...မင်း...မင်း...ဘာ...ဘာ...တွေပြော...ပြောနေတာလဲ
ငါ...ငါ..ငါက...ဘာလုပ်...ဘာလုပ်ခိုင်းရမှာလဲ"
စကားတွေလဲ အထစ်ထစ်အငေါ့ငေါ့တို့ဖြစ်ကုန်ကြသည်။
YOU ARE READING
လှိုင်းကလေးကိုပွေ့ချီမယ်
Romance"တစ်ခြားသူတွေနဲ့ပျော်ရွှင်နေတဲ့ သူကို့ သဝန်တိုလိုက်တာလို့ လမင်းကြီးကိုပြောတော့ လမင်ကြီးက ကျွန်တော့်ကိုပြန်ပြောခဲ့တယ် :သူ့ကိုမင်းပိုင်လို့လားတဲ့:" ဇီလှိုင်းသစ် "ယောက်ျားလေးနှစ်ယောက်ကြားထဲမှာ သူငယ်ချင်းကလွဲရင်...