တီတီတီ.....7:15 နှိုးစက်သံ ကြောင့် ဇီလှိုင်းသစ် အရင်နှိုးလာသည်။ဇီလှိုင်း သူ့ရှေ့တွင် နီးကပ်လျက်ရှိသော မျက်နှာတစ်ခုကြောင့် အံ့ဩနေမိသည်။
*ချီချီ က ဘာလို့ငါ့ ကုတင်ပေါ်ရောက်နေတာလဲ
အာ!!! ညက.... ငါ...ငိုခဲ့တယ်......
ချီချီ့ကိုဖက်ပြီးငါငိုခဲ့တာ......
အကြာကြီးနေမှ အသဲအသန်ကိုငိုခဲ့တာ...
ငါငိုလို့ရသွားပြီ.....
ချီချီ့ကြောင့် ငါ...*
ဇီလှိုင်း ၏နှုတ်ခမ်းပါးတို့မှာ ကော့်ညွှတ်လာကြသည်။
အိပ်ပျော်နေစဲ ရှိုင်းစက်ချီ၏ မျက်နှာကို ကြည့်နေသော ဇီလှိုင်းသစ်၏ မျက်ဝန်းတို့က နုညံ့လွန်းနေ၏။
ဇီလှိုင်းတစ်ယောက် ချီချီ ပြောခဲ့သောစကားများကိုပြန်လည်ကြားယောင်နေသည်။* ချီချီက လှိုင်းလေးကို ဘယ်တော့မှထားမသွားဘူး...
ချီချီက လှိုင်းလေးကို ဘယ်တော့မှ မလိမ်ဘူး...
ချီချီက အမြဲတမ်း လှိုင်းလေးနဲ့ပဲနေမှာ.....*
ဇီလှိုင်းသစ်၏ မျက်နှာပေါ်က အပြုံးတို့မှာပိုမိုထင်ရှားလာပြီး သွားတတ်လေးများပင်ပေါ်လာခဲ့သည်။မျက်ဝန်း၏နုညံ့မှုတွင်လည်း အမည်မသိသောအရာတို့ကပါနေသယောင်။သူငယ်ချင်းပေါ်တွင်ထားသည့် လှိုင်းကလေး၏ အမည်မဖော်လိုသောခံစားချက်တို့က ထိုအချိန်ကပင် စတင်ခဲ့သည်လား။သို့မဟုတ် ထိုထက်ပင်စော၍နေမည်လား။
ဇီလှိုင်းသစ်အတွေးများနေတုန်း ချီချီ နှိုးလာသောကြောင့် သူမျက်လုံးအမြန်ပိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
ရှိုင်းစက်ချီတစ်ယောက် မျက်လုံးဖွင့်ဖွင့်ချင်း အလွန်နီးကပ်နေသော ဇီလှိုင်းသစ်၏ မျက်နှာကိုမြင်လိုက်ရသောကြောင့်လန့်ပင်သွားသည်။
* အာ...ငါ မနေ့ညက ဒီမှာ အိပ်ပျော်သွားတာပဲ*
ယခု သူတို့နှစ်ယောက်အနေအထားက အလွန်ပင်ကိုနီးကပ်နေကြသည်။မျက်နှာနှစ်ခုမှာနှာဖျားများပင် ထိစပ်လုမတတ်ပင်ဖြစ်၏။ရှိုင်းစက်ချီ ၏ခြေထောက် နှစ်ချောင်းမှာလည်း ဇီလှိုင်းသစ် ၏ ခြေထောက်များနှင့် အဖိခံထားရသည်။ဇီလှိုင်းသစ်၏ လက်တစ်ဖက်သည်ကား ရှိုင်းစက်ချီ ၏ခါးပေါ်ရောက်နေ၏။သူငယ်ချင်းနှစ်ယောက်တစ်ကုတင်တည်းအတူတူဖက်အိပ်သည်မှာမဆန်း။သို့သော်.....
YOU ARE READING
လှိုင်းကလေးကိုပွေ့ချီမယ်
Romance"တစ်ခြားသူတွေနဲ့ပျော်ရွှင်နေတဲ့ သူကို့ သဝန်တိုလိုက်တာလို့ လမင်းကြီးကိုပြောတော့ လမင်ကြီးက ကျွန်တော့်ကိုပြန်ပြောခဲ့တယ် :သူ့ကိုမင်းပိုင်လို့လားတဲ့:" ဇီလှိုင်းသစ် "ယောက်ျားလေးနှစ်ယောက်ကြားထဲမှာ သူငယ်ချင်းကလွဲရင်...