ဇီလှိုင်းသစ် ရှိုင်းစက်ချီရဲ့ ကုတင်ပေါ်တတ်လာပြီး စောင်ကိုခေါင်းမြှီးခြုံပြီးအိပ်နေတဲ့ ရှိုင်းစက်ချီ အပေါ်အုပ်မိုးလိုက်သည်။
ထို့နောက် စောင်ကိုဆွဲခွာလိုက်ပြီး ရှိုင်းစက်ချီ၏အိပ် ပျော်နေသောမျက်နှာကို စူးစိုက်ကြည့်နေသည်။
ခဏအကြာ ရှိုင်းစက်ချီ မျက်လုံးတို့ပွင့်လာပြီး
သူ့ကိုအုပ်မိုးထားသော ဇီလှိုင်းသစ်ကိုမြင်လိုက်ရသောအခါသရဲတစေတွေ့တာထက်ပင်ပိုလန့်၍ သူထင်ချင်ရာတွေထင်မြင်ချင်ရာတွေမြင်ပြီးအသေသကုန်ထအော်လေတော့သည်။
ဇီလှိုင်းသစ်လည်းအလွန်ပင်လန့်သွားသည်။
*ငါဘာမှမလုပ်ရသေးဘူးလေ *။
*ဟမ် ငါကိုက်လည်းမကိုက်ရပါဘူး ဘာလို့...*
ချီချီ ၏မျက်ဝန်းထဲတွင် သူ့ကိုကြောက်နေသည့်အကြောက်တရားကိုမြင်လိုက်ရသည်။
*ချီချီ သူ့ကို ရွံရုံမက ကြောက်တောင်ကြောက်နေတယ်*
*ချီချီ သူ့ကိုကြောက်နေတယ် *
*သူ့ကို စကားလည်းမပြောတော့ဘူး
ကြည့်လည်းမကြည့်တော့ဘူး **သူ့ကိုမြင်ရင်လည်းထွက်ပြေးနေတယ်*
*ချီချီ ငါ့အနားမှာမနေချင်တော့ဘူး*
*ချီချီ ငါ့ကိုကြောက်နေတယ်*
ဇီလှိုင်းသစ် မျက်ရည်တို့တစ်စတစ်စဝိုင်းလာရသည်။
ရှိုင်းစက်ချီ တစ်ယောက် သူအိပ်ပျော်နေတုန်း
ဇီလှိုင်းကဗန်ပိုင်းယားလိုအစွယ်ကြီးထွက်လာပြီး မျက်ထောက်နီကြီးနဲ့ကြည့်ကာ
:မင်းငါ့ကို အဲ့လိုလုပ်တာ ငါလုံးဝမကျေနပ်ဘူး ငါမင်းကို သွေးတွေကုန်ခမ်းသွားတဲ့အထိပြန်ကိုက်မှာ:
ဆိုပြီး အိမ်မက်ကောင်းကောင်းမက်နေခြင်းဖြစ်သည်။
သူနှိုးလာတော့ မျက်လုံးဖွင့်ဖွင့်ခြင်း စူးစိုက်ပြီးကြည့်နေတဲ့ဇီလှိုင်းသစ်မျက်နှာကြီးမြင်လိုက်ရတော့ အိမ်မက်ထဲက အတိုင်း သူအကိုက်ခံရတော့မယ်ထင်ပြီးအော်နေခြင်းဖြစ်သည်။
YOU ARE READING
လှိုင်းကလေးကိုပွေ့ချီမယ်
Romance"တစ်ခြားသူတွေနဲ့ပျော်ရွှင်နေတဲ့ သူကို့ သဝန်တိုလိုက်တာလို့ လမင်းကြီးကိုပြောတော့ လမင်ကြီးက ကျွန်တော့်ကိုပြန်ပြောခဲ့တယ် :သူ့ကိုမင်းပိုင်လို့လားတဲ့:" ဇီလှိုင်းသစ် "ယောက်ျားလေးနှစ်ယောက်ကြားထဲမှာ သူငယ်ချင်းကလွဲရင်...