ရှိုင်းစက်ချီတစ်ယောက် ဇီလှိုင်းသစ် ၏ဖက်ခြင်းခံထားရသည်။ ထိုနှင့်အတူ သူတို့နှစ်ဦး၏မျက်နှာတို့မှာလည်းအလွန်ပင်နီးကပ်နေကြသည်။ နီးကပ်နေသည်ကိုမဟုတ် ထိစပ်နေကြသည်ဟုဆိုရမည်။အဘယ်ကြောင့်ဆိုသော် ဇီလှိုင်း၏နှုတ်ခမ်းပါးတို့မှာ ချီချီ ၏......ပါးဖောင်းဖောင်းပေါ်သို့ရောက်ရှိနေ သောကြောင့်ဖြစ်သည်။
" ချီချီ .....ငါ...ငါ.....တမင်လုပ်တာမဟုတ်ပါဘူး...တောင်းပန်ပါတယ်...မိုးရေတွေလဲစိုကုန်ပြီ"
ဇီလှိုင်း လျှင်မြန်စွာခွာလိုက်ရင်း ထီးအမြန် ကောက်၍အထစ်ထစ်ငေါ့ငေါ့ဖြင့် တောင်းပန်စကားဆို၏။
ထိုသို့ပြာပြာသလဲ ပြောလာသောဇီလှိုင်းသစ်၏ သူစိမ်းဆန်သော တောင်းပန်စကားကြောင့် ရှိုင်းစက်ချီ မျက်မှောင်ကျုံ့လိုက်မိသည်။
"ဘာတွေဒီလောက်လန့်နေတာလဲ...အချင်းချင်းတွေပဲ...ဘာမှမဖြစ်ဘူး...
ပြီးတော့ မင်းအမှားလဲမဟုတ်ပဲနဲ့ကို... ဘာလို့ အမြဲ တောင်းပန်နေရတာလဲ...
မတော်တဆပဲဟာကို...ငါတို့မနမ်းဖူးတာလဲ မဟုတ်ပဲနဲ့...
ငယ်ငယ်တုန်းကဆို ချီချီ ...ချီချီ နဲ့လိုက်နမ်းနေပြီးတော့"ဇီလှိုင်းသစ်မှာ ရှက်၍လား ကြောက်၍လားမသိ မျက်နှာကြီးအောက်ငုံ့ကာအသံ တိုးတိုးလေးဖြင့်စကားပြန်ပြောသည်။
" အဲ့ဒါက ငယ်ငယ်တုန်းကကို"
"ခုကကော ဘာထူးလို့တုန်း...
ငယ်ငယ်က ခင်သလိုမျိုး ခုလည်း ခင်နေတာပဲဟာကို....သူငယ်ချင်းတွေပဲဘာဖြစ်လဲ...
ဘာလဲမင်းက ငါနဲ့ 6နှစ်ကလေးဝေးသွားတာနဲ့ပဲ သူစိမ်းဆန်သွားပြီပေါ့လေ...အရင်လိုမခင်တော့လိုလား""မဟုတ်ဘူး ချီချီ...ငါ မင်းကိုအရင်လိုခင်ပါတယ်...ပိုပြီးခင်လာတာပဲရှိမယ် လျော့သွားတယ်လို့မရှိဘူး...
အဲ့တုန်းက ကလေးတွေ ပဲရှိသေးတယ်လေ...
ခုက လူကြီးတွေဖြစ်နေပြီဆိုတော့ ချီချီ စိတ်အနှောက်အယှက်ဖြစ်သွားမှာဆိုးလို့ပါ""ဘာမှ မဖြစ်ဘူး ယောက်ျားလေးအချင်းချင်း နမ်းတာ ဘာဆန်းတာကျလို့...
နေမင်းဆို ကင်းပုကို တစ်ချိန်လုံးလစ်ရင်လစ်သလိုနမ်းနေတာ... ဘာမှမဖြစ်ဘူး...မရှက်နဲ့..."
YOU ARE READING
လှိုင်းကလေးကိုပွေ့ချီမယ်
Romance"တစ်ခြားသူတွေနဲ့ပျော်ရွှင်နေတဲ့ သူကို့ သဝန်တိုလိုက်တာလို့ လမင်းကြီးကိုပြောတော့ လမင်ကြီးက ကျွန်တော့်ကိုပြန်ပြောခဲ့တယ် :သူ့ကိုမင်းပိုင်လို့လားတဲ့:" ဇီလှိုင်းသစ် "ယောက်ျားလေးနှစ်ယောက်ကြားထဲမှာ သူငယ်ချင်းကလွဲရင်...