"ဘာလဲမင်းက ငါ့ကိုမသိချင်ယောင်ဆောင်....."
ပေါက်ကွဲခါနီးခရမ်းချဉ်သီးလိုဖြစ်နေ သော
ရှိုင်းစက်ချီ တစ်ယောက် ပါးစပ်ပိတ်ခံလိုက်ရသည်။ရှိုင်းစက်ချီ နီးကပ်လာသောစူးရှသည့်မျက်ဝန်းတစ်စုံနှင့် ပါးစပ်ထဲရောက်ရှိလာသောအရာကြောင့် မကျယ်သောမျက်လုံးများပြူးကျယ်လာကြသည်။
*......ချိုလိုက်တာ......
မဟုတ်ပါဘူးဒီကောင်ငါ့ကို.........*"မင်း....."
ဇီလှိုင်းသစ် ပေါက်ကွဲခါနီး Hamster 🐹ကောင်လေးလို ရန်တွေ့နေသည့် ချီချီ့ ပါးစပ်ထဲကို မက်မွန်သီးချိုချဉ်လေး ထည့်ပေးလိုက်ခြင်းဖြစ်သည်။
"ရှုး......ချီချီ...စိတ်လျော့....
ငါ မသိချင်ယောင်ဆောင်တာလဲမဟုတ်ဘူး။
မင်းက ငါ့အတွက် အရေးမပါတာလဲမဟုတ်ဘူး။
ငါ မင်းကိုအကုန်လုံးပြောပြမယ်။
အခုအရင်အချိုလေးစားပြီး စိတ်ကလေးငြိမ် အောင်ထား.....Ok"
တည်ငြိမ်တဲ့အသံဩဩလေးက ငို့တော့မယ့်ကလေးကိုချော့နေ သလိုပင်။ဇီလှိုင်းသစ်တစ်ယောက် ချီချီ့ခေါင်းလေးကိုပုတ်ပေးရင်း ပြောလိုက်သည်။ချီချီကလည်းခုနကသူမဟုတ်သည့်အတိုင်းငြိမ်ပြီးနားထောင်နေသည်။____________________________________
တခြားအခန်းတွေဆူညံနေသလောက် အခန်း51 မှာတော့ .....
တိတ်ဆိတ်နေသောအခန်းထဲတွင် ကုတင်ကိုယ်စီ၌ မျက်နှာချင်းဆိုင်ထိုင်နေကြေသာကောင်ကလေးနှစ်ယောက်ရှိသည်။
ဇီလှိုင်းသစ် ချိုချဉ်ငုံပြီးငြိမ်သွားသော ချီချီကိုကြည့်ပြီး ငယ်ငယ်တုန်းကအကြောင်းကိုသတိရနေမိသည်။
*ကျွန်တော်တို့မူကြိုတုန်းက
ကျွန်တော့်ကိုအနိုင်ကျင့်တဲ့သူတွေကို ချီချီက ပြန်ရိုက်တတ်တယ်။
တစ်ခါ ကျွန်တော်တွန်းလဲခံရပြီးဒူးခေါင်းပေါက်သွားတုန်းက ဆိုရင် အဲ့ကောင်တွေကို ချီချီက လက်ထဲကိုင်ထားတဲ့ သူ့အကြိုက်ဆုံးပါဝါဒိန်းဂျားအရုပ်ကြီးနဲ့လိုက်ထုပစ်လို့ သူတို့ထဲကတစ်ယောက်က နဖူးပေါက်သွားသေးတယ်။
ဆရာမက ချီချီ့ကို ရိုက်တယ် ဒါမဲ့ ချီချီက မငိုဘူး။
ချီချီ့အကြိုက်ဆုံးအရုပ်ကြီးကျိုးသွားတာ တောင် ချီချီ မငိုဘူး။
ဒါပေမယ့် ကျွန်တော့သွေးထွက်နေတဲ့ဒူးခေါင်းက ဒဏ်ရာကိုလည်း မြင်ရော
ချီချီ အာဗြဲကြီးနဲ့ထငိုတယ်။
နာတဲ့ ကျွန်တော်က မငိုရဘူး၊ ချီချီကပဲကျွန်တော့်အစားငိုပေးနေတာ။
YOU ARE READING
လှိုင်းကလေးကိုပွေ့ချီမယ်
Romance"တစ်ခြားသူတွေနဲ့ပျော်ရွှင်နေတဲ့ သူကို့ သဝန်တိုလိုက်တာလို့ လမင်းကြီးကိုပြောတော့ လမင်ကြီးက ကျွန်တော့်ကိုပြန်ပြောခဲ့တယ် :သူ့ကိုမင်းပိုင်လို့လားတဲ့:" ဇီလှိုင်းသစ် "ယောက်ျားလေးနှစ်ယောက်ကြားထဲမှာ သူငယ်ချင်းကလွဲရင်...