📱တီးးးးးးးးတီးးးးးးတီးးးးးးး
📱လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာသတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်ခေါ်ဆို၍မရနိုင်ပါရှင်
"ဟာ.... ကျစ်... ဖုန်းလည်းမကိုင်ဘူး
ဇီလှိုင်းသစ် မပြောမဆိုနဲ့ဘယ်တွေလျှောက်သွားနေတာလဲကွာ
ကိုယ်တွေပူနေတာကို"📱တီးးးးးးးးတီးးးးးးတီးးးးး
"ကိုင်စမ်းပါကွာ လှိုင်းလေးရာ"
📱တီးးးးးးးးးတီးးးးးးး!!!!
📱ဟယ်လို
📱လှိုင်းလေး မင်းဘယ်ရောက်နေတာလဲ
မပြန်ခဲ့သေးဘူးလား
မင်းကိုယ်တွေပူနေတာမဟုတ်ဘူးလား ဘာလို့လျှောက်!!!!!📱 ဟယ်လို သားက လှိုင်းသစ်လေးရဲ့ သူငယ်ချင်းလား
📱ဗျာ အခုပြောနေတာက
📱အန်တီက လှိုင်းသစ်လေးရဲ့အမေပါ
📱ဗျာ....ဟုတ်ကဲ့ အန်တီ ဇီလှိုင်းသစ်ကကော
📱လှိုင်းသစ်လေးက သူအဖေနဲ့စကားပြော!!!!!
"ဒေါ်နွယ်ဦး!!! ခများ ဘာလုပ်တာလဲ ပေး ကျွန်တော့ ဖုန်း"
တစ်ဖက်ကနားထောင်နေသောရှိုင်းစက်ချီပင်လန့်သွားရသည်။ဇီလှိုင်းသစ်၏ဒီလောက်ဒေါသထွက်နေသောအသံကို သူတစ်ခါမှမကြားဖူး။သူသိတဲ့ ဇီလှိုင်းက အမြဲတမ်းအေးအေးဆေးဆေးဖြေရှင်းတတ်တဲ့သူမို့ပင်။
📱ဟယ်လို
📱ဟယ်လို ဇီလှိုင်းလား
📱အင်း ရှိုင်းစက်ချီ ငါနောက်မှပြန်ခေါ်လိုက်မယ်
📱အေးအေး ...ဟို...
📱ငါတို့နောက်မှပြောရအောင်
📱ဟို ....ငါပြောချင်တာက...အရမ်းကြီးဒေါသမထွက်ပါနဲ့လို့...နော်
ဇီလှိုင်းကခဏကြာအောင်တိတ်သွားပြီးနောက်သက်ပြင်းချကာ
📱......အင်း......
ထို့နောက် အတတ်နိုင်ဆုံးစိတ်ကိုလျှော့လျက်မီးဖိုချောင်ဘက်ထွက်သွားသောအဖေ့မိန်းမနောက်ကိုလိုက်သွားလိုက်သည်။
YOU ARE READING
လှိုင်းကလေးကိုပွေ့ချီမယ်
Romance"တစ်ခြားသူတွေနဲ့ပျော်ရွှင်နေတဲ့ သူကို့ သဝန်တိုလိုက်တာလို့ လမင်းကြီးကိုပြောတော့ လမင်ကြီးက ကျွန်တော့်ကိုပြန်ပြောခဲ့တယ် :သူ့ကိုမင်းပိုင်လို့လားတဲ့:" ဇီလှိုင်းသစ် "ယောက်ျားလေးနှစ်ယောက်ကြားထဲမှာ သူငယ်ချင်းကလွဲရင်...