Zawgyi

71 2 0
                                    

Art drawing အတန်းချိန်ပြီးတဲ့နောက်မှာ ဆွန်းမင် တီချယ်သင်ပေးခဲ့တဲ့ ပန်းပုံရဲ့ basic steps တွေကိုတစ်ဆင့်ချင်းပြန်ဆွဲကြည့်နေမိသည်။

"ဟင်း...."

"ဘာဖြစ်နေတာလဲဆွန်းမင်"

မမှားပေမဲ့ အနားသပ်တွေမညီညာပဲ မသပ်မရပ်ဖြစ်နေတဲ့ပုံကြောင့် ဆွန်းမင်သက်ပြင်းနာနာချမိတော့ ဘေးမှသူငယ်ချင်းဖြစ်သူဂျီဆောင်းမှမေးခွန်းထုတ်သည်။

"ငါ Art ပိုင်းကိုမရဘူးဖြစ်နေတယ်"

"ဟမ်"

"ငါသေချာလေ့ကျင့်ကြည့်လဲ ပုံတွေကမသပ်မရပ်ဖြစ်နေတုန်းပဲ"

"မင်းရောလိုက်နိုင်လား ဂျီဆောင်း"

ဂျီဆောင်းကအဖြေပြန်မပေးဘဲ သူ့ရဲ့ drawing စာအုပ်ကိုဖွင့်ကာပြတော့ ခေါင်းစဉ်က 'Flower Basic Steps' ဆိုပေမဲ့ အောက်ကပန်းပုံမပြောနဲ့ သစ်ရွက်ပုံတောင်မပေါ်တဲ့ ဆွဲချက်တွေကိုကြည့်ရင်း ဆွန်းမင်စိတ်ပျက်လက်ပျက်မျက်စောင်းထိုးလိုက်မိသည်။

"မင်းကလဲလွယ်တာကို ခက်အောင်လုပ်နေတယ် ငါတို့အတန်းရဲ့ Prince က Drawing ပိုင်းသေအာင်ကျွမ်းတာကို သူ့ကိုကူညီခိုင်းကြည့်ပါလား"

ဂျီဆောင်းရဲ့စကားက ကွေးကွေးကောက်ကောက်ထိုင်နေမိတဲ့ ဆွန်းမင်ရဲ့ခါးကိုတည့်မတ်သွားစေသည်။ ဆွန်းမင် သူတို့အတန်းရဲ့နောက်သုံးတန်းမြောက်မှာထိုင်နေတဲ့သူကိုလှည့်ကြည့်လိုက်တော့..

နားကြပ်ဖြူဖြူတစ်ဖက်ကိုနားမှာတပ်ထားပြီး ဆံပင်နက်နက်ရှည်ရှည်တွေကိုချထားတဲ့သူရဲ့အာရုံအလုံးစုံဟာ ခုံပေါ်မှာဖြန့်တင်ထားတဲ့သူ့ရဲစာအုပ်ပေါ်မှာသာ။ လက်ချောင်းရှည်ရှည်သွယ်သွယ်တွေက ခဲတံကိုကိုင်လျှက် ဘာမှမဟုတ်သလိုစာရွက်ပေါ်လှည့်ပတ်ပြေးလွှားနေပေမဲ့ ဘေးကသူ့သူယ်ချင်းတွေရဲ့ချီးကျူးသံဟာကျယ်လောင်စွာ။

"ရား.....ဟွမ်ဟျွန်းဂျင်တော်လိုက်တာကွာ"

"မင်း အပြင်မှာ drawing class တစ်ခု join ထားသေးတယ်မလားမှန်မှန်ပြော"

"တီချယ်က Basic Steps တွေပဲသင်ရသေးတာကို ဒီကောင်က ပုံတစ်ပုံလုံးအပြည့်ဆွဲပြီးနေပြီ"

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Nov 13, 2022 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

Want to be one of your favourites !One shot!Hikayelerin yaşadığı yer. Şimdi keşfedin